Episode 12

2.1K 143 8
                                    

ဂျီမင့်ဆီက​နေပြန်လာပြီး​​​​တော့ အိမ်လည်းမပြန်ချင်​သေးတာနဲ့ အစ်ကိုဟို​​ဆော့ဆီသွားဖို့စဥ်းစားမိ​ပေမဲ့ အလုပ်ရှိ​နေမှာဆိုးလို့ဖုန်းအရင်ကြိုဆက်ထားလိုက်သည်။

"ဟယ်လို အားလား"

"​အားတယ်"

"အားရင်လာမလို့ "

တိုတိုနှင့်လိုရင်း​ပြောကာဖုန်းကိုသူအရင်ချပစ်လိုက်သည်။

ဒီ​နေ့​တော့စိတ်​ပျော်​နေတာ​ကြောင့် သီချင်းဖွင့်ဖို့​ရေဒီယို​လေးကိုဖွင့်လိုက်​​​တော့ လာ​နေသည့်သီချင်းက အခုတ​လော​ရေပန်း​တော်​တော်စား​နေသည့် Like crazy။

ကားစတီယာရင်ကိုကိုင်ထားသည့်လက်သွယ်သွယ်ရှည်ရှည်​လေး​တွေသည်လည်းသီချင်း​သံစဥ်အတိုင်းလှုပ်ရှား​နေသလို မြင်ခဲလှ​သောအပြုံး​လေးသည်လည်းပွင့်ဖူး​​နေ​သေးသည်။

အစ်ကိုဟို​ဆော့ တိုက်​ကို​ရောက်​တော့ တံခါးကြိုဖွင့်ထားရန်ဖုန်းလှမ်းဆက်ထားတာမို့ အ​ပေါ်​​ရောက်​​​တော့တံခါးသည်ဖွင့်လျက်သား။

သူအသာ​လေးတွန်းကာ၀င်လာ​တော့ အစ်ကိုဟို​ဆော့သည်ဆိုဖာ​ပေါ်တွင် ခပ်​​​လျှော​လျှောမှီကာဖုန်းသုံး​နေသည်။

သူ့ကို​တွေ့​တော့ မျက်လုံးလှန်ကြည့်လာသည်။

"​နေပါဦးငါစဥ်းစား​နေတာ မင်းကဘာကိစ္စအားလားလို့​ပြောတာလဲ"

ဖုန်းကိုဆိုဖာ​ပေါ်ပစ်ချပြီး​နောက်​ဖေးသို့သွားကာ ​ရေခဲ​သေတ္တာထဲမှ​ရေဘူးသွားယူ​နေရင်းမှ

"ဟ အားလားမ​မေးလို့ဘယ်လို​မေးရမှာလဲ"

ဟို​​ဆော့သည် ဖုန်း​ချလိုက်ပြီး​နောက်သို့လိုက်သွားသည်။

"မင်း​မေးပုံကိုလည်းကြည့်ဦး​လေ မသိရင်ငါကပဲဟို​ကောင်ကြီးကျလို့ အားလားတဲ့​မေးပုံကိုက​စောက်ချိူးမ​​ပြေတာ"

ဟို​​ဆော့​ပြောတာကိုမကြားချင်​ယောင်​ဆောင်ပြီး​ရေဘူးဖွင့်ကာ​​မော့​သောက်​နေလိုက်သည်။

"ရည်းစားထားပါဆိုလည်းအဖြစ်ကမရှိ​တော့ အား​နေမဟုတ်တာ​တွေပဲ​ခေါင်းထဲ​ရောက်လာ​ရော ​ပြော​နေတာ​တွေ​ရောနားလည်ရဲ့လားမသိဘူး"

Centered Around the Heart (Completed)Where stories live. Discover now