Episode 6

2.3K 156 3
                                    

ဒီ​ကောင်လာပြန်ပြီ ။ဟိုရက်​တွေထဲကဆက်တိုက်လိုလိုကိုလာ​နေတာ ။ လာရင်လည်း တစ်ခုမဟုတ်တစ်ခုအ​ကြောင်းရှာပြီးသူ့ကို​ခေါ်​ခေါ်ထုတ်​နေတာ။ဒီ​ကောင်ဘယ်​ခြေလှမ်းလှမ်း​နေလည်းဆိုတာသိ​နေ​ပေမဲ့ဇာတ်လမ်းမစချင်လို့သူ့ဘက်ကမသိချင်​ယောင်သာ​ဆောင်​နေလိုက်သည်။

သူရှိ​နေတဲ့​နေရာက​နေသူ့ကိုမမြင်ချင်​ယောင်​ဆောင်ပြီးဖြတ်​လျှောက်သွားလိုက်​တော့ လက်​ကောက်၀တ်ကိုလှမ်းဆွဲ၏။

"အစ်ကို ကျွန်​တော့်ကို ဘာလို့​ရှောင်​နေတာလဲ"

ဆွဲထားသည့်လက်ကို​ဆောင့်ရုန်းလိုက်​တော့ သူ့လက်ကိုကြည့်​နေသည်။

"​ရှောင်​နေရမဲ့ဆက်ဆံ​ရေးမို့လို့လားမင်းနဲ့က"

​ဆော့ဂျင်ဆက်​လျှောက်သွား​တော့ သူ့​နောက်ကိုဆက်လိုက်လာပြန်သည်။ ဘားက​နေထွက်ပြီးအိမ်ပြန်ဖို့ကားဆီသွား​တော့အ​နောက်မှ​ခြေလှမ်းကျယ်ကြီး​တွေနဲ့လိုက်လာသူကမှီသွားကာာသူ့အား ကားတွင်ကပ်လိုက်ပြီးမျက်နှာချင်းဆိုင်ကြည့်လာ​လေသည်။

"အစ်ကို​ရှောင်​နေတာ ကျွန်​​တော့်ကို​ရှောင်​နေတာ ကျွန်​တော်ဘာလို့လာ​နေလည်းဆိုတာလည်းအစ်ကိုသိရဲ့သားနဲ့အစ်ကိုသက်သက်မဲ့မသိချင်​​ယောင်​ဆောင်​နေတာ"

အ​ရှေ့က​ကောင်သည် အရက်​လေး၀င်ထားတာ​ကြောင့် အနည်းငယ်ရဲတင်း​နေသည်။
သူ့ကိုဖိထားသည့်လက်​တွေက​နေရုန်း​သော်လည်းမရ ဘဲပို၍တင်းတင်းကျပ်ကျပ်ဖိထားသည်။

"လွှတ်စမ်း မင်းဟာမင်းလာတာဘာ​ကြောင့်ဖြစ်ဖြစ်မင်းကငါ့ဘားမှာအရက်လာ​သောက်တဲ့ပုံမှန်လူတစ်​ယောက်ပဲ ဒါထက်ဘာမှမပိုဘူး"

နမ်ဂျွန်း အစ်ကို့ကိုစူးစိုက်ကြည့်လိုက်သည်။အစ်ကို့မျက်လုံးတွေထဲမှာသူလိုချင်တဲ့အ​ဖြေရှိ​နေ​ပေမဲ့လည်းအစ်ကို့နှုတ်ကထွက်သမျှစကားတိုင်းသည်သူ့ရင်ကိုစူးကြီးကြီးနဲ့ထိုးနှက်​နေသလိုပင်။

သူ့အားဘာမှပြန်မ​ပြောပဲစိုက်ကြည့်​နေသည့်​ကောင်​​လေး၏မျက်၀န်းထဲတွင်အနည်းငယ်၀မ်းနည်းသွားသည့်ပုံရိပ်​လေးကိုသူ​တွေ့လိုက်ရသည်။
သူ​ပြောတာများလွန်သွားပြီလား။

Centered Around the Heart (Completed)Where stories live. Discover now