Episode -21

2K 112 6
                                    

ဂျီမင်နဲ့အဆင်ပြေတာကိုကြွားမယ်ဆိုပြီး ဆော့ဂျင်ဆိုင်တွင်လူစုထားတာမို့ ဆိုင်ကိုဒီနေ့ပိတ်ထားလိုက်သည်။နေ့လည်စောင်းကျတော့ ဂျီမင်နှင့်ဂျောင်ကုကားလေးရောက်လာပြီးမကြာခင် ထယ်ယောင်းနှင့်ယွန်းဂီတို့လည်းရောက်လာကြသည်။

ဆိုင်ထဲဝင်တော့ ‌ဆော့ဂျင်က ဘားကောင်တာတွင် အရက်စပ်ပေးနေလေသည်။

"ဟေးဘရို"

"ဂျင်းးးးးးးး"

ထယ်ယောင်းသည် ဆော့ဂျင်နာမည်ကိုဆွဲ‌ခေါ်လိုက်တာမို့အရက်စပ်ပေးနေသည့်ဆော့ဂျင်ထံမှ ဆဲသံထါင်လာလေသည်။

"ဒီ ငါ‌......"

ဆော့ဂျင်ဆဲလိုက်တာကိုအကုန်လုံးဝိုင်းရယ်လိုက်ကြသည်။

ထိုစဥ်ဆိုင်တံခါးဖွင့်ပြီးဝင်လာတဲ့လူကြောင့်အကုန်လုံးအာရုံက ထိုသူ့ဆီတွင်ရောက်ကုန်ကြသည်။

"အစ်ကို ဘာလို့ဆိုင်ပိတ်"

နမ်ဂျွန်းပုံမှန်တိုင်းအစ်ကို့ဆီလာပေမဲ့ ဆိုင်ကပိတ်ထားတာမို့ ဖုန်းဆက်ဖို့လုပ်လိုက်သော်လည်းဆိုင်ထဲတွင်ရယ်သံများကြားရပြီးတံခါးကလည်းဖွင့်ထားတာကြောင့်သူဝင်လာခဲ့လိုက်‌သည်။သို့သော်အထဲရောက်သွားတော့ အထဲမှလူများကဝိုင်းကြည့်နေကြတာမို့ပြောမည့်စကားပါရပ်သွားရသည်။

ထိုလူများကိုသေချာကြည့်လိုက်တော့ ဂျောင်ကုနဲ့ယွန်းဂီကိုတွေ့လိုက်တာကြောင့်သူဆက်ဝင်လာခဲ့လိုက်သည်။

"အစ်ကိုနမ်ဂျွန်းကဘယ်လိုလုပ်"

ဆော့ဂျင်ကနမ်ဂျွန်းလာမည်မထင်တာကြောင့်ရော ဂျောင်ကုတို့နှင့်ပါသိနေတာကြောင့်အံ့သြနေလေသည်။

"မင်းဘယ်ကနေဘယ်လို"

"ဆိုင်ပိတ်ထားလို့ဖုန်းဆက်လိုက်တာပဲ ဒါပေမဲ့တံခါးကဖွင့်ထားတာနဲ့ဝင်လာလိုက်တာ"

အကုန်လုံးရဲ့‌မျက်လုံးများကနမ်ဂျွန်းဆီတစ်လှည့် ဆော့ဂျင်ဆီတစ်လှည့်ဖြစ်နေကြသည်။

"အစ်ကို ဘယ်ကနေဘယ်လို အစ်ကိုဆော့ဂျင်နဲ့သိနေတာလဲ"

"ငါကြိုက်..."

Centered Around the Heart (Completed)Where stories live. Discover now