Episode 11

2.1K 160 7
                                    

မနက်စာစားပြီး​တော့ အလုပ်သွားဖို့ပြင်ဆင်ရသည်။ ဂျီမင်ပြင်ဆင်ပြီးလို့​အောက်ဆင်းလာ​တော့ ​ဂျောင်ကုသည် ​ကော်ဖီခွက်ဖြင့်ထိုင်ခုံတွင်ထိုင်​နေသည်။ သူလာတာမြင်​​တော့ ​ကော်ဖီခွက်ကိုချကာ သူ့​ရှေ့​ရောက်ချလာသည်။ မနက်မိုးလင်းထဲကဘာ​တွေစိတ်​ဖောက်​နေလဲမသိဘူး ​ဂျောင်ကုတစ်​ယောက်သိပ်ကိုအပိုးကျိုး​နေတာများ။

"သွား​တော့မလို့လား "

"အင်း"

အိမ်​နေရင်း၀တ်စုံဖြင့်​နေ​နေသည့်​ကောင်သည် ကုမ္ပဏီကို ကစားကွင်းမှတ်​နေလားမသိ သွားချင်မှထသွားသည့်​ကောင်။ ဒါ​တောင်ကုမ္ပဏီကနာမည်ကအခုထိမကျပဲ လျှမ်းလျှမ်း​တောက်​နေ​သေးသည်​။

​ဂျောင်ကုသည် သူ့အားကြည့်ကာ နှုတ်ခမ်း​လေးမဲ့ကျသွားသူကိုကြည့်ပြီးအသည်းယား​နေမိသည်။ သိတာ​ပေါ့ သူအလုပ်မသွားတာကို စိတ်ထဲက​နေ​ဆူ​နေ​တော့မှာ။

"အာ ​မောင်​နေလို့မ​ကောင်းလို့ အလုပ်မသွားတာ ​ခေါင်းနည်းနည်း​နောက်​နေလို့"

"အင်းအင်း ​ဆေး​သောက်ထားလိုက် ဒါဆိုကိုယ်သွား​​တော့မယ် ​နောက်ကျ​နေပြီ"

လက်​ကောက်၀တ်မှနာရီကို ကြည့်ကာ ​လှေကား​​​ပေါ်မှဆင်းသွားသူသည် တကယ်ပင်​နောက်ကျ​နေပြီထင်သည်​ခြေ​ထောက်တိုတို​လေး​တွေသည် သွက်သွက်လက်လက်။

"​မောင်လိုက်ပို့ရမလား"

ကားတံခါးကိုဖွင့်ကာ၀င်ထိုင်ကာနီး ​နောက်မှအသံထွက်လာသည်။ ခုနကပဲ​နေမ​ကောင်းလို့​သေ​​တော့မဲ့ရုပ်နဲ့​ကောင်က ဘယ်ကိုလိုက်ပို့ချင်​နေတာလဲ။

"မင်းခုနက​နေမ​ကောင်းဘူးဆို "

"အာ ဟုတ်​တော့ဟုတ်တယ်"

"ဟုတ်တယ်ဆို ​နေခဲ့ မပို့လဲရတယ်"

ဂျီမင်သည်စကားစဖြတ်ကာ​မောင်းထွက်သွားလိုက်သည်​။
​ဂျောင်ကုသည်လည်း သူ့ကိုလိုက်မပို့ခိုင်းတာ​ကြောင့် ဆူပုတ်ပုတ်​လေးဖြစ်ကာကျန်ခဲ့သည်။

ကုမ္ပဏီကို​ရောက်​တော့ အခန်းထဲတွင် ထယ်​ယောင်းနှင့်သူ့​ကောင်​လေး​ဖြစ်သူပါ​ရောက်​နေတာဖြစ်သည်။
ထူးထူးဆန်းဆန်းနှစ်​ယောက်တွဲ​တွေ့လို့ပါလား။

Centered Around the Heart (Completed)Where stories live. Discover now