Episode 25

2K 108 5
                                    

မောင်ပြန်မလာတာဒီနေ့နဲ့ဆို 5ရက်တိတိရှိပြီဖြစ်သည်။ မချစ်ခင်ကတော့ ဝေးလေကောင်းလေဆိုပေမဲ့ချစ်ပြီးမှတော့ နည်းနည်းလေးတောင်ခွဲမနေနိုင်တော့တာမို့ ​မောင်ပြန်လာရန်သူ့ဘက်ကမာနကိုတစ်ထစ်လျှော့ချလိုက်ရန်သာရှိသည်။

သူဖုန်းဆက်ဖို့ဖုန်းကိုကိုင်ကာမကြာသေးခင်ကမှပြောင်းထားတဲ့contact nameလေးကိုထောက်ကာဖုန်းခေါ််လိုက်သည်။

တူတူတူ

တော်တော်ကြာသည်အထိမကိုင်တာမို့ဆက်သွယ်ရေးရုံးကကောင်မလေးရဲ့ လူကြီးမင်းဆိုတာနဲ့သာတိုးတာမို့ ဖုန်းပြန်ချလိုက်သည်။ ခနနေတော့ ဖုန်းနဲ့ကားသော့ကိုင်ကာတစ်နေရာသို့ထထွက်သွားလိုက်လေသည်။

"မင်းပြန်တော့ဟေ့ကောင် ဟိုမှာဂျီမင်ကတစ်ယောက်ထဲ ညရေးညတာဆိုတာရှိသေးတယ်"

ရောက်ထဲကအရက်ခွက်ထဲခေါင်းစိုက်နေသူက အခုထိလည်းထိုအတိုင်းပင်ဖြစ်သည်။ဟိုဆော့အတင်းပြန်ခိုင်းတာလည်းမရ။ဂျီမင်ဖုန်းဆက်မှပြန်မှာကြီးပြောနေတာမို့ သူဒီအတိုင်းသာနေနေရသည်။အလုပ်လည်းမသွား ငူငူကြီးနဲ့အရက်​တွေသာလှိမ့်​သောက်​နေတာဖြစ်သည်။

တင်း ​တောင် တင်း​တောင်

ဟို​ကောင့်ကိုကြည့်​နေရင်း အိမ်​ရှေ့ကဘဲလ်တီးတာ​ကြောင့် သူထွက်ကြည့်လိုက်​တော့ ဂျီမင်ဖြစ်​နေ​တော့ သူအံ့သြသွားရသည်။ဒီရက်ပိုင်းတွင်းဖုန်းတစ်ချက်မှမဆက်ပဲ​နေနိုင်သူကြီးက အခု​တော့ဆိုက်ဆိုက်မြိုက်မြိုက်​ရောက်ချလာပြီဖြစ်သည်။

"​ဂျောင်ကု​ရော"

"အထဲမှာ"

သူ​ပြောပြီး​တော့ ကိုယ်လုံး​သေး​သေး​လေးကအသာ​လေးရို့ကာအိမ်ထဲသို့၀င်သွားသည်။

အိမ်ထဲ​ရောက်​တော့ ​မောင်သည်ဆိုဖာ​ပေါ်တွင်ထိုင်ကာ ဒူး​ပေါ်လက်တင်လျက်​ခေါင်းစိုက်လျက်လက်တစ်ဖက်ကအရက်ခွက်ကိုကိုင်ထားသည်။
​မောင့်​ရှေ့သူရပ်လိုက်​သည်အထိ​မောင်က​မော့မလာ။

"ဘယ်ချိန်ထိ သူများအိမ်မှာ​နေဖို့စိတ်ကူးထားတာလဲ"

​ဂျောင်ကုသည်အသံ​သေး​သေး​လေးထွက်လာ​တော့ အပြူးအပြဲ​မော့ကြည့်လိုက်မိသည်။

Centered Around the Heart (Completed)Where stories live. Discover now