Episode 1

7.3K 281 4
                                    

"ဂျွန်​ဂျောင်ကု မင်း​စောက်ဇယား​တွေကို အိမ်ထိ​ပါမလာနဲ့လို့​ပြောထားတာ နားမလည်ဘူးလား"

အိမ်ကြီးရှင်သည် အ​ကွေ့အပတ်များ​သော​လှေကား​ပေါ်မှတစ်ထစ်ချင်းဆင်းလာကာ ခံစားချက်မရှိ​သောမျက်နှာထားဖြင့်​အော်လိုက်သည်။

ရင်သားနှစ်ခုကိုထင်သာမြင်သာရှိ​အောင်​ဖော်ထားသည့်​ကောင်မ​လေး၏ခန္ဓာကိုယ်ကိုပွတ်သပ်​နေသည့်လက်များကခန​တော့ရပ်တန့်သွားပြီး ဟက်ခနဲရယ်သံကထွက်လာသည်။

"ကို ဟိုမှာ ဆင်းလာပြီ ဟန်နီတို့ဆက်သွားလို့ဖြစ်ရဲ့လား"

ကောင်မ​လေးသည် ဂျီမင်ဆင်းလာတာ​ကြောင့် ​မေးတစ်ချက်​ငေါ့ပြကာ ​ဂျောင်ကုအားခပ်အီအီ​လေး​​ပြောလိုက်သည်။

"မဖြစ်စရာလား အာရုံထဲထားမ​နေနဲ့ ဖီးလ်ကျဲတယ်ကွာ"

ဂျောင်ကုသည် လက်များကိုခါးသိမ်သိမ်​လေး​ပေါ်သို့တင်လိုက်ကာ လုပ်လက်စအလုပ်ကိုသာအာရုံထဲရှိ​၏။

"သိပ်စိတ်ပျက်ဖို့​ကောင်းတယ် ဂျွန်​ဂျောင်ကု"

ဂျီမင်သည် အိမ်ဧည့်ခန်းထဲတွင်ဖြစ်ပျက်​နေ​သော နှစ်​ယောက်ကို စိတ်ပျက်ဖို့​ကောင်းသည့်အကြည့်များဖြင့်ကြည့်ကာ​ပြောလိုက်သည်။

ဂျောင်ကုသည် ထိုမိန်းက​လေးဆီမှခွာလိုက်ကာ ပြန်လွှတ်လိုက်သည်။

"​နောက်​နေ့မှကိုယ်လာခဲ့မယ် အခု​တော့ပြန်လိုက်​တော့"

ကောင်မ​လေးသည် အ၀တ်အစားများကို ပြန်ပြင်ကာ ​ဆက်​ကော့လက်​ကော့ဖြင့်ထွက်သွားသည်။

ထိုအခါမှ​ဂျောင်ကုသည် ဆိုဖာ​ပေါ်တွင်ခပ်​လျော​လျောထိုင်ကာ လက်နှစ်ဖက်ကို ဆိုဖာ​ပေါ်သို့ဖြန့်ကားကာတင်ထားပြီး​​ခြေနှစ်ဖက်ကိုလက်ချိတ်ထားလိုက်သည်။

"ဘာ​​တွေလာဖြစ်ချင်​နေတာလဲ ပတ်ဂျီမင် မင်းလည်း အပြင်မှာဇယား​တွေရှိတာပဲ"

"ဟ ငါ့ဇယား​တွေဆိုတာ အပြင်မှာစတဲ့ဇာတ်လမ်းမို့ အပြင်မှာပဲထားခဲ့တာ မင်းလို​အိမ်ထိပါမလာဘူး"

"​မင်းရှုပ်ချင်သလိုရှုပ်တာကိုစိတ်လဲမ၀င်စားဘူး အာရုံထဲလည်းမရှိဘူး ​အေး အိမ်ထိပါမလာ​စေနဲ့ ဒါငါ​နောက်ဆုံးစကားပဲ"

Centered Around the Heart (Completed)Where stories live. Discover now