Final Episode

2.8K 107 1
                                    

''အဲ့ Sun cream မပါရင်ခုချက်ချင်းပဲခေါက်ခနဲသေသွားတော့မဲ့ရုပ်နဲ့"

ဂျောင်ကုက တိုးတိုးပြောလိုက်တော့ ထယ်ယောင်းက အထုတ်ထဲမှကုန်းရှာနေရင်းမှ မျက်မှောင်ကုတ်ပြီးကြည့်လိုက်သည်။ အခန်းထဲကလေကပုံမှန်မဟုတ်တာမို့ ကျန်တဲ့လူတွေလည်းအသံတိတ်သာနေနေရသည်။

ပိတ်ရက်ရှည်လေးရတုန်း ကမ်းခြေသို့ခရီးထွက်ဖို့တိုင်ပင်ကြရင်း ချက်ချင်းထထွက်လာကြတာမို့ ဘယ်သွားသွား  Skin Care Set လိုက်သယ်သွားတက်သော ထယ်ယောင်းတစ်ယောက် Sun Cream ကျန်ခဲ့တာဖြစ်သည်။နှစ်ယောက်ခန်း၃ခန်းယူလိုက်ပြီးဟိုဆော့ကတော့ နားငြီးတယ်ဟုဆိုကာ ၁ယောက်ခန်းတွေဘက်မှာတစ်ယောက်ထဲအထုတ်ဆွဲပြီးနမ်ဂျွန်းတို့အတွဲနှင့်သွားနှင့်ပြီဖြစ်သည်။

"ထယ်ရာ ဒီမှာလည်းဝယ်လို့ရမှာပါကွာ ထားလိုက်တော့ ထားလိုက်တော့ လာလာ ဂျီမင်တို့လည်းနားချင်ရောပေါ့ သွားမယ်လာ"

ဂျီမင့်ကားပေါ်ကိုထယ်ယောင်းအထုတ်တွေပါရောတင်ထားတာမို့ ကားပေါ်ဆင်းတော့ ဂျီမင်တို့အခန်းထဲပဲ အထုတ်ကိုယူလာခဲ့တာမို့ သူ့အခန်းမသွားခင်အထုတ်တွေဖြန့်ချကာ မွှေနှောက်ရှာနေခြင်းဖြစ်သည်။

အခန်းဝတွင် ဂျောင်ကု အခန်းတံခါးဘောင်ကို လက်တစ်ဖက်ဖြင့်ထောက်ကာ လက်တစ်ဖက်က ခါးထောက်ပြီး သူတို့အခန်းထဲမှမထွက်နိုင်သေးသည့် ကောင်ကိုကြည့်နေတာဖြစ်သည်။

"ကျစ် အဲ့ဒါလေးကပိုကောင်းလို့ ယူလာပါတယ်ဆိုမှ"

စူစူပုတ်ပုတ်ဖြင့် အထုတ်တွေပြန်သိမ်းကာ ပါးစပ်ကလည်းတစ်ဖွဖွပြောနေသေးသည်။

"ပြီးရင်လည်းကြွ"

အခန်းအပေါက်ဝကို reception ကောင်မလေးတွေလုပ်သည့်အတိုင်းလုပ်ပြကာ ခါးကလည်းညွတ်ထားသေးသည်။

"ကျက်သရေတုံးကောင် မျက်မုန်းကိုကျိုးတယ်"

 "ဒီဘက်ကလည်းထပ်တူပါပဲ"

တစ်ယောက်တစ်ခွန်းမခံချင်အောင်ပြောနေကြသည့်နှစ်ယောက်ကိုကြည့်ကာဂျီမင်လည်းခေါင်းတစ်ခါခါသာလုပ်နိုင်တော့သည်။မနိုင်တော့ပေ။

Centered Around the Heart (Completed)Where stories live. Discover now