Episode 26

2.2K 85 2
                                    

ဂျောင်ကုတို့အဆင်​ပြေသွား​တော့ ထုံးစံအတိုင်း​ကြား​လေမတိုး​အောင်ချစ်​နေတာမို့ အကုန်လုံးကမျက်စိစပါး​မွှေးစူး​​​နေကြတာမို့ အခုလည်း ​ဂျောင်ကုတို့နှစ်​ယောက်ကလွဲပြီး ​ဆော့ဂျင်ဆိုင်တွင်လူစုံ​နေကြသည်။

"ဟိုနှစ်​ကောင်​ရော"

​ဆော့ဂျင်က​ ဘား​ကောင်တာက​နေ ၀ိုင်းထဲကိုလာ​နေရင်း​မေးလိုက်သည်။

"ထားခဲ့တာ တမင်မ​ခေါ်ချင်လို့"

"​အေးအဲ့ဒါလည်း​ကောင်းတာပဲ မဟုတ်ရင်သက်သက်မဲ့မျက်စိ​နောက်အကုသိုလ်များ​နေရဦးမယ်"

​ဆော့ဂျင်က​ပြောလိုက်​တော့ ​​ဆော့ဂျင်စကားကို ဟို​ဆော့က​ထောက်ခံသည့်သ​ဘောဖြင့်​ခေါင်းညိမ့်သည်။

"အကို ထယ့်ကို တစ်ရှူး​လေးယူ​ပေးပါဦး"

ယွန်းဂီက သူ့​ဘေးတွင်ရှိ​နေသည့် တစ်ရှူးဘူး​လေးအားယူပြီးတစ်ရှူးတစ်ရွက်ယူကာ နှုတ်ခမ်းနားတွင်​ပေ​နေသည်များကို သုတ်​ပေး​​တော့ ​အ​ရှေ့တွင်ထိုင်​နေသည့် ဟို​ဆော့က နှုတ်ခမ်းမဲ့ပြ​လေသည်။

​ဆော့ဂျင်​ဘေးနားရှိ နမ်ဂျွန်းက ​ဆော့ဂျင်​နားကိုကပ်ကာ တိုးတိုး​လေး​ပြော​လိုက်တာ​ကြောင့် ​ဆော့ဂျင် ​သောက်လက်စအရက်​တောင်သီးသွားရသည်။

ထယ်​ယောင်းကသူတို့ကိုအကဲခပ်​နေရင်း  မျက်ခုံးတစ်ဖက်ပင့်ကာ ​ဆော့ဂျင်ကို ဘာလဲဆိုသည့်သ​ဘောဖြင့်​မေး​လေသည်။

"ဟင်လို့ အစ်ကို"

"​​တော်စမ်း မင်း"

" အစ်ကိုကလည်း ကြာ​နေပြီကို"

စပ်စုလွန်းသည့်ထယ်​ယောင်းက တိုးတိုး ​ပြော​နေသည့် သူတို့နှစ်​​ယောက် ကိုသည်းမခံနိုင်​တော့တာ​ကြောင့် ထုတ်​မေးလိုက်သည်။

"​နေဦး ​နှစ်​ယောက်က အဆင်​ပြေ​နေပြီလားမ​ပြေဘူးလား "

"မ​ပြေဘူး"

"​ပြေတယ်"

​ဆော့ဂျင်နဲ့ နမ်ဂျွန်းဆီကတစ်​ယောက်တစ်​ပေါက်ထွက်လာ​တော့ ထယ်​ယောင်းရဲ့မျက်နှာကအမှုစစ်မျက်နှာထားဖြစ်သွားကာ ​ခြေနှစ်ဖက်ကိုဟန်ပါပါချိတ်ထိုင်လိုက်သည်။

Centered Around the Heart (Completed)Where stories live. Discover now