Episode 18

1.9K 115 7
                                    

မနက်စာစားပြီးတော့ဂျီမင်ရောဂျောင်ကုရော ရုံးကိုယ်စီသွားလိုက်ကြသည်။

J & J ကုမ္ပဏီရှိအစည်းအဝေးခန်းထဲတွင် အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိနေကြသည်။အကြောင်းအရင်းကတော့ သူတို့ရဲ့စီအီးအိုသောင်းကျန်းနေခြင်းကြောင့်ပေ။

"အဲ့တော့တရားခံကမရှိဘူးပေါ့ ကောင်းပြီလေ"

ဆုံလည်ခုံကိုလည့်ကာစားပွဲကိုခပ်ဖွဖွခေါက်နေရင်းမေးလိုက်သည်။အစည်းဝေးခန်းထဲတွင်ဖွင့်ထားသောအဲကွန်းကြောင့်လားမသိပေမဲ့ လက်ရှိအခြေအနေကြောင့်ဝန်ထမ်းများသည်အရိုးထဲထိအောင်အေးစိမ့်နေရသည်။

"ဒါဆိုအခုဆုံးရှုံးသွားတဲ့တန်ဖိုးကိုရှိသမျှဝန်ထမ်းတိုင်းစီကလစာဖြတ်မယ်"

လစာဖြတ်မယ်ဆိုတော့အခန်းထဲကလူများလှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး တီးတိုးပြောသံများထွက်လာကြသည်။ဆုံးရှုံးသွားတဲ့တန်ဖိုးကနည်းတာမှမဟုတ်တာ‌သိန်းကိုထောင်ဂဏန်းထိတောင်မှဖြစ်သည်။ကိစ္စရဲ့ဇစ်မြစ်က ဂျောင်ကုတို့အခုအသစ်ထုတ်မည့်ဒီဇိုင်းကိုတစ်ခြားကုမ္ပဏီတစ်ခုသို့ခိုးယူရောင်းလိုက်ခြင်း‌ကြောင့်ဖြစ်သည်။ပုံမှန်ဆိုဒီလောက်ထိလုပ်စရာမလိုပေမဲ့ အခုတစ်ခေါက်လျှော့ပေးလိုက်ရင်နောက်အခါတွေလည်းလျှော့ပေးမှာပါဆိုတဲ့အတွေးမျိုးနဲ့လက်လွတ်စပယ်မလုပ်ရဲအောင်ဖြစ်သည်။သူတစ်ယောက်ခနတာကောင်းစားသွားပြီးကျန်တဲ့မဆိုင်တဲ့လူတွေပါထိခိုက်ရပါလားဆိုတဲ့ကိုယ့်ကိုကိုယ်အပြစ်မကင်းစိတ်ဖြစ်ပြီးဝန်ံလာစေချင်တာဖြစ်သည်။အခုတော့ တီးတိုးပြောနေသည့်လူအုပ်ကြားထဲတွင်ကြံရာမရဖြစ်နေသည့်ဝန်ထမ်းကိုကြည့်ကာ ဂျောင်ကုမဲ့ပြုံးပြုံးလိုက်သည်။

"လူကြားထဲအရှက်မကွဲစေချင်လို့ ရုံးခန်းထဲဖြေရှင်းချက်လာပေး ဒီနေ့တော့ဒီလောက်ပဲ"

ဂျောင်ကုထွက်သွားတော့ကျန်နေခဲ့သည့်လူများသည်တီးတိုးပြောနေရင်းမှကျယ်ကျယ်လောင်လောင်ဖြစ်လာကြသည်။သူသူကိုယ်ကိုယ် ကိုယ့်အိတ်ထဲကစိုက်ရမည်ဆိုလျှင်တော့မည်သူမှစိုက်ချင်ကြမည်မဟုတ်။ အဲ့ဒါမို့နင်လားငါလားတွေဖြစ်ကုန်ကြသည်။ထိုလူတွေထဲကမှတစ်‌ယောက်က ခုံအောက်တွင်လက်နှစ်ဖက်ကိုဆုပ်ချေကာကြံရာမရဖြစ်ပြီးထထွက်သွားလိုက်သည်။

Centered Around the Heart (Completed)Where stories live. Discover now