Episode- 23

2.1K 106 0
                                    

"မဟုတ်ဘူးလို့မောင်ပြောတယ်လေကွာ"

"မဟုတ်ဘူး မင်းဘာပြောပြော ငါမသိချင်တော့တာ ထားလိုက်တော့"

"ထားလိုက်လို့မရဘူး မင်းစိတ်ထဲမရှင်းသေးပဲနဲ့တော့ မောင်ဒီတိုင်းမထားလိုက်နိုင်ဘူး"

ဂျီမင်သည် ဂျောင်ကုကိုကြည့်ကကာသက်ပြင်းချလိုက်လေသည်။အဖြစ်ကမနေ့ညကပြန်တော့လမ်းမှာ ဖုန်းဝင်လာတာကစတာဖြစ်သည်။ ဂျောင်ကုသည်ကားမောင်းနေတာမို့ ဖုန်းကိုကားဘလူးတုသ်နှင့်ပြောနေတာမို့ ဂျီမင့်အတိုင်းသားကြားနေရတာဖြစ်သည်။တစ်ဖက်ကကောင်မလေးအသံမို့ဂျောင်ကုကိုသူကြည့်လိုက်တော့ ဂျောင်ကုကသူ့အားပုခုံးတွန့်ပြီးသူမသိပါဘူးဆိုသည့်ပုံစံမျိုးလုပ်ပြသည်။

ဟိုဘက်ကမိန်းကလေးက ဘာဘာညာညာတွေထပ်ပြောလာတော့ ဂျောင်ကုက ဘယ်သူမှန်းမသိကြောင်းမှတ်လည်းမမှတ်မိတော့ကြောင်းပြောကာဖုန်းချလိုက်လေသည်။အဲ့အချိန်ထဲကဂျီမင်သည်သူ့အားစကားမပြောပြအိမ်ပြန်ရောက်သည်အထိတိတ်တဆိတ်သာလိုက်ပါလာခဲ့သည်။

"မင်းမသိဘူးလို့ပြောတယ်မလား ရပြီ တော်လိုက်တော့ ထပ်မသိချင်တော့ဘူး"

ထိုသို့ပြောကာ ထထွက်ဖို့ပြင်တာကြောင့် ဂျောင်ကုကလက်နှစ်ဖက်မှဆွဲကာ သူ့ပေါ်ထိုင်စေလိုက်သည်။

"လွှတ်"

ဂျီမင်သည်လေသံအေးအေးဖြင့်ပြောနေသော်လည်းစိတ်ထဲမှာတော့ပူလောင်နေတာဖြစ်သည်။

"မလွှတ်ဘူးမောင်ပြောတာအရင်နားထောင်ပေးပြီးမှ ဘေဘီပြောချင်တာပြော"

ရုန်းနေသည်ကိုရပ်လိုက်ကာ ဂျောင်ကုပြောလာမှာကိုသူနားထောင်ပေးလိုက်သည်။

"ခုနကဆက်တဲ့တစ်ယောက်ကိုတော့မောင်တကယ်မသိတာ ပြီးတော့ မောင်အရင်ကရှုပ်တာတွေကြောင့် ဘေဘီမယုံတာကို မောင်သိတယ်။ဒါပေမဲ့ အဲ့ဒါမောင်မင်းကိုသဝန်တိုစေချင်တာကြောင့်မောင်လုပ်ခဲ့တာတွေကြီးပဲ။နောက်တစ်ခုကမောင့်ဘက်ကဟိုးအရင်ထဲကဘေဘီ့ကိုစချစ်ခဲ့တာမို့ ဘေဘီ့ကိုအရွဲ့တိုက်နေတဲ့အချိန်မှာလည်း ဘေဘီစိတ်ထဲထင်နေသလိုအခြေအနေထိမရောက်ခဲ့တာတော့ ယုံ"

Centered Around the Heart (Completed)Where stories live. Discover now