Episode 3

2.5K 175 6
                                    

ဂျောင်ကု ဂျီမင်နဲ့စကားများပြီးတော့ပစ်ထားတာကြာပြီဖြစ်တဲ့ အလုပ်ဆီကိုသွားဖို့လုပ်ရသည်။

ရေချိုးထားတာကြောင့်ဂုတ်ရောက်နေပြီဖြစ်တဲ့ ဆံပင်ကောက်ကောက်လေးတွေက ရေစက်လက်ဖြင့်တောင့်တင်းလှသောကိုယ်လုံးပေါ်သို့စီးကျနေသည်။ ခါးတွင် သဘက်တစ်ခုထဲပတ်ကာခါးထောက်လျက် ၀တ်မည့်အဝတ်အစားကိုရွေးနေသည်။

ထို့နောက်စိတ်တိုင်းကျမည့် အကျီကိုထုတ်လိုက်ကာ ရေစက်လက်ဆံပင်ကို လက်ဖြင့်ခါပြီးအ၀တ်လဲလိုက်သည်။ ခေါင်းရေစိုကို သဘက်ဖြင့်ခြောက်တယ်ဆိုရုံသုတ်ကာ ကုတင်ပေါ်ပစ်တင်ထားခဲ့သည်။

ခြေမျက်စိအထက်စတိုင်ပန်ဘောင်းဘီနှင့်အဖြူစွတ်စွတ်ရှပ်အကျီဖြင့်တွဲ၀တ်ထားကာ လက်တွင် ကုတ်အကျီကိုကိုင်ထားပြီး ဆင်းလာသူမှာ ခုနကကမူးရှူးထိုးရန်လိုက်တွေ့သူနှင့်လားလားမှမတူတော့ပေ။

ခြံထဲမှကားထုတ်ကာ ကုမ္ပဏီသို့သွားသည့်လမ်းတွင်လည်း မနက်ကကိစ္စကို စိတ်ထဲတနုံ့နုံ့ဖြင့်။
ကုမ္ပဏီသို့ရောက်တော့ကားပါကင်တွင်ကားရပ်ကာ အပေါ်သို့တက်လာသည်။

သူ့ကိုတွေ့တော့မန်နေဂျာလေးသည် အပျော်လွန်သွားပုံထောက်သည်။ မျက်လုံးကြီးပြူးကာကြောင်ကြည့်နေသည်။ သူထိုမန်နေဂျာနားကိုလျှောက်သွားကာ ပုခုံးကို ၂ချက်လောက်ခပ်ဖွဖွပုတ်လိုက်သည်။

"ရပါတယ် အဲ့လောက်၀မ်းသာပြမနေနဲ့"

ကျန်ခဲ့သောမန်နေဂျာလေးသည်  ပုတ်သွားသောပုခုံးကိုကိုင်ထားကာ စိတ်ထဲတွင်တွေးနေသည်က

"ဘော့စ် အိမ်မှာနေရင်ပို၀မ်းသာမိမှာပါ"

ရုံးခန်းထဲရောက်တော့ စားပွဲတွင်လက်မှတ်ထိုးစရာများပုံနေပြီ။ အတွင်းရေးမှူးလေးက၀င်လာကာ အရင်ရက်ကပျက်ကွက်ထားသည့်လုပ်ငန်းဆောင်တာများကိုရှင်းပြနေသည်။

"ဆရာ ဒါက လွန်ခဲ့တဲ့နှစ်ရက်က ဒီဇိုင်းဌာနကပို့တဲ့ ပုံကြမ်းတွေပါ တစ်ချက်လောက်checkလုပ်ပေးပါဦး "

သူကြည့်လိုက်တော့ ပုံစံကအဆင်ပြေပြီး သပ်သပ်ရပ်ရပ်ရှိတာမို့ လက်မှတ်ထိုးပေးလိုက်သည်။

Centered Around the Heart (Completed)Where stories live. Discover now