အပိုင်း - ၆
Time City Jewellery Mall တွင်ဖြစ်သည်။ ပိတ်ရက်ဖြစ်သည့်အလျှောက် လာရောက်လည်ပတ်ကြ၊ အပန်းဖြေကြ၊ Shopping ထွက်လာကြသော လူတွေလည်း လွန်စွာများပြားလေသည်။
လက်ထဲမှာ အထုပ်ပေါင်းများစွာဆွဲရင်း မေမေ့နောက်လိုက်နေရသည်မှာ လက်ပင်အံသေနေချင်ပြီ။
"မေမေ... ဘာဝယ်ဦးမှာလဲ သားကိုင်ထားရတာ လေးလှပြီ"
"ဒီလောက်လေးကို အဖြစ်သည်းနေလိုက်တာ... နင့်အဖေဆိုရင် အဲ့ထက် နှစ်ဆသယ်ရတာတောင် အပြုံးမပျက်ဘူး... ယောကျာ်းလေးဖြစ်ပြီး အားကိုမရှိဘူး"
မေမေ့စကားသံအဆုံး ရှိန်းမျက်နှာလေး ရှုံ့မဲ့သွားရသည်။ ဖေဖေက ဘယ်မျက်နှာပျက်ရဲမလဲ။ မေမေ့မျက်နှာ တစ်ကမ္ဘာထင်ပြီး "မင်းသဘော မင်းသဘော" ပဲ လုပ်နေတာ မဟုတ်လား။
မေမေက ရှေ့ကနေ ခပ်သွက်သွက်သွားရင်း ရွှေစံအိမ် Gold & Jewellery ဆိုင်လေးထဲသို့ ခြေဦးတည်နေတော့ ရှိန်း အလန့်တကြားလှမ်းဟန့်လိုက်ရသည်။
"မေမေ အခုမှ အန်တီစိမ်းဆီက ပြန်လာတာလေ... ဘာထပ်ဝယ်ဦးမလို့လဲ"
"မင်းဖေဖေကို နီလာအတွက် စျေးပြောတုန်းက မေမေနည်းနည်းပိုပြောလိုက်တာ... ကျန်တဲ့ငွေလေး မလေလွင့်အောင် တစ်ခုခုဝယ်ထားရမှာပေါ့... ကဲပါ လာ"
"ဟင် မလိုက်တော့ဘူး အပြင်ကနေပဲ စောင့်နေတော့မယ်"
မေမေဆိုင်ထဲသို့ ဝင်သွားသည်နှင့် ဆိုင်ရှေ့မှာရှိသော ခုံတန်းလေးပေါ်သို့ ရှိန်း ခြေပစ်လက်ပစ်ထိုင်လိုက်ကာ လက်ထဲက အထုပ်လေးတွေအား ဘေးတွင်ခဏ ချထားလိုက်သည်။ နဂိုစကတည်းက လူရှုပ်လျှင် မနေတတ်သောရှိန်းတစ်ယောက် ခေါင်းတွေပင်မူးလာသလို ခံစားရလာသည်။
ရတနာဆိုင်ထဲဝင်သွားလျှင် တစ်နာရီနှစ်နာရီလောက်ကြာတတ်တဲ့ မေမေ့အကြောင်းကို နောကျေနေတာကြောင့် အိတ်ကပ်ထဲမှ ဖုန်းကိုဖွင့်ကာ Facebook ခဏသုံးနေလိုက်သည်။ Friend Request လာပို့ထားသော Account လေးများအား တစ်ချက်စစ်ကြည့်ရင်း ကြည်လင်အေးမြသော ကောင်လေးတစ်ယောက်၏ Profile လေးကို မြင်တဲ့အခါ စိတ်ထဲကြည်နူးသလိုလေးဖြစ်သွားရသည်။
YOU ARE READING
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"