အပိုင်း - ၁၂
မွေးနေ့ဆုတောင်းတေးသွားအား တီးခတ်နေသော ပီယာနိုအသံလေးက ခမ်းနားလှသော ခြံဝန်းကြီးထဲတွင် ညင်သာစွာလွင့်ပျံ့နေလေသည်။
စားဖွယ်စုံခင်းကျင်းထားသော စားပွဲဝိုင်းတွေက သီးသန့်ဖိတ်ကြားထားသော စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များနှင့် နေရာမလပ်ရှိလှသည်။
ရှိန်း လက်ထဲမှာကိုင်ထားတဲ့ ဝိုင်ခွက်လေးကို နှုတ်ခမ်းဖျားလေးတွေ တေ့ပြီး တစ်ငုံလောက်သောက်လိုက်သည်။
ရှိန်းရောက်နေတာ အန်တီခင်ခင်၏ မြေးလေး ရက် ၁၀၀ ပြည့် မွေးနေ့လေးဖြစ်သည်။
စီးပွားရေးနယ်ပယ်တွင် ပေါက်ပေါက်ရောက်ရောက်ရှိလှသော လုပ်ငန်းရှင်များသာ ရွေးဖိတ်ထားပုံရသည်။ ရောက်လာသော ဧည့်သည်တွေက တကယ့် ဒိတ်ဒိတ်ကြဲတွေချည်း ဖြစ်သည်။
ရှိန်းသဘောအတိုင်းဆိုလျှင် ဒီပွဲကို မတက်ချင်။ မနက်ဖြန်ဖြေစရာ Tutorial လည်းရှိနေတာကြောင့် အိမ်မှာပဲ အေးအေးဆေးဆေး စာလေ့လာချင်သည်။
သို့သော်လည်း သားတော်မောင်ကို ပွဲထုတ်ချင်လွန်းလှသော မေမေကြောင့်သာ ဒီနေ့ဒီနေရာကို ရောက်နေခြင်းဖြစ်သည်။
အန်တီခင်ခင်၏ သမီးထွေးလေး ရတီခင်မှုန်ဖွေးက မေမေ့အတွက် မျက်စိကျစရာဖြစ်နေပုံရသည်။ မွေးနေ့ပွဲကို ရောက်ကတည်းက မေမေက ရတီခင်မှုန်ဖွေးရဲ့လက်ကို ဆုပ်ကိုင်ထားကာ သမီး သမီးဖြင့် ပါးစပ်ဖျားကရော လက်ဖျားကပါ မချတာကြောင့် ရှိန်းမျက်နှာပူစွာ လွတ်ရာသို့ လာရှောင်နေခြင်းဖြစ်သည်။
ထိုစဉ် ရုတ်တရက်မြင်လိုက်သော အဖြူရောင်အရိပ်လေးကြောင့် ရှိန်း သောက်နေတဲ့ဝိုင်တောင် သီးတော့မလို ဖြစ်သွားသည်။
သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသော ပန်းရောင်ပါဆယ်ထုပ်လေးကိုကိုင်ပြီး သွက်လက်တက်ကြွစွာ မွေးနေ့ပါတီသို့ ဝင်လာသော ကောင်လေး ပြည်သာရဲထက်။
အဖြူရောင် အနောက်တိုင်းဝတ်စုံကို နဂ္ဂတိုင်မပါဘဲ ဝတ်ဆင်လာပုံက လွတ်လပ်ပေါ့ပါးနေသည်။
YOU ARE READING
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"