ƤAƦƬ ⑧

12.7K 598 5
                                    

အပိုင်း- ၈

လတ်ဆတ်သောလေပြေလေးက မျက်နှာလေးအား လာရောက်ထိခတ်ပြီးနောက်တွင် ပြည်သာရဲထက် အပျင်းဆန့်ကာ အညောင်းဖြေလိုက်သည်။ ကားပေါ်မှာ ခွေခေါက်ပြီးလိုက်လာခဲ့ရသမျှ အခုမှပဲ ခြေဆန့်လက်ဆန့်လုပ်ရပေတော့သည်။

ပြည်သာတို့ရောက်ရှိနေတာက ပဲခူးရိုးမအတွင်း တောင်နဝင်းသစ်တောကြိုးဝိုင်းအနီးက Resort လေးတစ်ခုတွင်ဖြစ်သည်။

ကျောင်းတွင်းလေ့လာရေးခရီးအတွက် ဌာနမှူးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးခေါင်းစဉ်ဖြင့် ပဲခူးရိုးမကိုရွေးချယ်လိုက်သည့်အတွက် ရောက်နေရခြင်းဖြစ်သည်။

ရိုးမလေးခုအနက် ပဲခူးရိုးမက သဘာဝဆန်လွန်းသော အလှအပတွေ​ကြောင့် ကျော်ကြားသည်။ စိမ်းလန်းစိုပြေပြီး ကျွန်းသစ်အများဆုံးပေါက်ရောက်ရာ ဒေသလည်းဖြစ်သည်။ တောင်တက်ခြင်း၊ စခန်းချခြင်း၊ ဌက်ကြည့်ခြင်း၊ တောတွင်းခြေလျင်ခရီးသွားခြင်းစသည့်တို့အတွက် ပဲခူးရိုးမအား လာရောက်လေ့ရှိသည်။

စီနီယာတွေကတော့ လိုက်ချင်တဲ့သူသာ စာရင်းပေးရပေမယ့် ပြည်သာတို့ ပထမနှစ်တွေကတော့ အကုန်လိုက်ရသည်။ ထို့ကြောင့်လည်း လူက တော်တော်လေးများပေသည်။

ခရီးဆိုလျှင် မိသားစုနဲ့သာသွားဖူးသော ပြည်သာရဲထက်တစ်ယောက် ဒယ်ဒီတို့ မာမီတို့မပါဘဲ သူငယ်ချင်းတွေနဲ့သွားရတာက အတွေ့အကြုံအသစ်အဆန်းတစ်ခုဖြစ်နေ၍ စိတ်ထဲမှာ လန်းဆန်းတက်ကြွနေပေသည်။

ပို၍ တက်ကြွစရာကောင်းတာက ပြည်သာတို့ ပထမနှစ်ကျောင်းသားဆယ်ယောက်အား ဦးဆောင်မည့်အဖွဲ့ခေါင်းဆောင်က ကိုရှိန်းနှင့် ကိုမော်ကွန်းဖြစ်နေခြင်းပင်။

မဒီးဒီးနဲ့ ကိုရတုတို့ကလည်း ကျန်းမာရေးနဲ့အစားအသောက်ကိုတာဝန်ယူပြီး သူတို့နဲ့အတူတူ လိုက်ပါပေးရမည်ဖြစ်တာကြောင့် အရာအားလုံး အိုကေမှာစိုပြေနေသည်။

အားကစားဝတ်စုံလေးဝတ်ဆင်ထားပြီး ဦးထုပ်အနက်လေး ခပ်ငိုက်ငိုက်ဆောင်းထားသည့် ကိုရှိန်းက အားလုံးထဲမှာ အတော်လေးထင်ပေါ်နေလေသည်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now