အပိုင်း - ၁၅
ပြည်သာရဲထက်က လက်ထဲရှိ ဝီစကီခွက်လေးကို လှည့်ကစားနေပြီး ဇော်ထက်မှာ မှောက်နေချေပြီ။
"ဟေ့ကောင် ဇော်ထက် ထစမ်း... ဟေ့ကောင် ထစမ်းလို့"
ပြည်သာလှုပ်နှိုးလိုက်သည့်အခါ ဇော်ထက်မှာ ဝူးဝူးဝါးဝါးလုပ်ကာ ထလာတော့သည်။
"ဟေ ... အဟေး ငါ့သူငယ်ချင်းလေးပါလားကွာ... အူးမွ... မွ"
ထိုအခြေအနေက အတော်လေးမူနေပြီဖြစ်ပြီး ပြည်သာရဲထက်မှာ ခေါင်းခါရုံသာ တတ်နိုင်တော့လေသည်။ ထို့ကြောင့် နေသာရဲထက်ကို ဖုန်းဆက်ခေါ်လိုက်ရတော့သည်။
"ဟယ်လို ကိုကြီးလား"
"ငါ့ ဖုန်းဆက်ပြီး ကိုကြီးလားဆိုတော့ ငါက ဘယ်လိုဖြေရမှာလဲကွ"
"အဟီး ကိုကြီးကလည်းလေ စိတ်ချည်းပဲ"
"ပြောပါဦး ဘာတွေ မွှေထားလို့ ဘာတွေများ လာရှင်းပေးရဦးမလဲခင်ဗျာ"
"ဟာ ကိုကြီးရာ ကျွန်တော်ဝမ်းနည်းသွားပြီ ဒီညီလေးကို ငြိုငြင်နေတာလား"
"ဟေ ဘာဖြစ်တာလဲကွ"
"ကိုကြီးကလည်း ဒီညီလေးပဲရှိတာကို"
"ဟုတ်ပါပြီဗျာ ပြော ဘာအလိုရှိပါသလဲခင်ဗျာ"
"ကျွန်တော်နဲ့ ဇော်ထက်လေ 88 Bar မှာ လာသောက်နေတာ... ကားလည်းမပါဘူး... အဲ့တာလေးလေ ကိုကြီး ဇော်ထက်ကို လာခေါ်ပေးပြီး သူ့အိမ်ကို ပို့ပေးပါလား"
"ဟေ ကားမပါလည်း Taxi နဲ့ ပို့ပေးလိုက်လေ ငါ လာခေါ်စရာလိုလို့လားကွ"
နေသာရဲထက်သည် အရိပ်သုံးပါးနားမလည်။ ထို့ကြောင့်လည်း ခုထိ ရည်းစားမရသေးသည်က ထူးဆန်းမနေတော့ပေ။
ဇော်ထက်မူးနေပုံက ပြည်သာရဲထက် တစ်ယောက်တည်းသာ ပြန်ပို့ရပါက ပြည်သာရဲထက်လေး လုံးပါးပါးသွားပေလိမ့်မည်။
ထို့ကြောင့် ပြည်သာရဲထက်က အကိုဖြစ်သည့် နေသာရဲထက်ကို အကူညီတေင်းခြင်းဖြစ်သည်။ ထိုအရာကို နေသာရဲထက်က ရိပ်မိပုံမရပေ။
"ကိုကြီး"
"အေး ပြော"
"လာခေါ်ပေးနော်... လာမှာမဟုတ်လား... Taxi မစီးချင်ပါဘူး"
ESTÁS LEYENDO
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"