အပိုင်း - ၁၀
လေ့လာရေးခရီးကအပြန် ဖျားလေသော သားငယ်ပြည်သာကြောင့် ဒေါ်ထားရတနာ အလုပ်ရှုပ်နေရတော့သည်။
ငယ်ငယ်ကတည်းက ချူချာလွန်းသော သားငယ်သည် နေမကောင်းလျှင် သူမအား မျက်စိအောက်ကအပျောက်မခံဘဲ အနားတွင်တောက်တဲ့လေးလိုကပ်ကာ ဂျစ်တူးလေးလုပ်တတ်လွန်းသောကြောင့်ပင်။
စွပ်ပြုတ်ပန်းကန်လေးကိုင်ကာ အခန်းထဲဝင်လာသော ဒေါ်ထားရတနာသည် စောင်ခြုံလေးထဲကွေးနေသော သားငယ်အားကြည့်ရင်း ဘေးနားရှိ စားပွဲပေါ်သို့ စွပ်ပြုတ်ပန်းကန်လေး တင်လိုက်လေသည်။
"သားငယ်... စွပ်ပြုတ်လေးသောက်ပြီး ဆေးသောက်ရအောင်နော်"
"အီး ဟီး မသောက်ချင်ဘူး... ဆေးတွေမသောက်ချင်ဘူး"
စောင်အား မျက်နှာလေးပေါ်ရုံဖော်လိုက်ပြီး ဂျီကျနေသော သားငယ်အနားတွင် ဝင်ထိုင်ပြီး
"သားဒယ်ဒီက ဆရာဝန်ပင့်ခိုင်းနေတာ... မာမီက အာမခံပြီး ဆေးရအောင်တိုက်ပါ့မယ်လို့ ပြောခဲ့ရတာ... သားငယ်က အဲ့လိုဆိုးနေရင် ဆရာဝန်ကိုပဲ ပင့်ခိုင်းလိုက်တော့မယ်"
"ဟင့်... တကယ်ပြောတာလား"
"တကယ်ပေါ့... ဆရာဝန်က အပ်အကြီးကြီးနဲ့ဆေးထိုးမှ မာမီရေ ကယ်ပါဦးမလုပ်နဲ့"
"မာမီလိမ်နေတာ ဟိုတစ်ခါကလည်း အဲ့လိုပြောပြီး ဆရာဝန်ခေါ်တာပဲကို..."
"သားငယ်ဆေးသောက်လိုက်လို့ အဖျားပျောက်သွားရင် ဆရာဝန်ခေါ်စရာမလိုတော့ဘူးလေ... ကဲ လိမ္မာတယ်... မာမီခွံ့ကျွေးမယ်နော်"
နည်းနည်းခြိမ်းခြောက်ကာ စွပ်ပြုတ်ပန်းကန်လေးကိုယူပြီး ခွံ့ကျွေးတော့ စူပုတ်ပုတ်မျက်နှာထားလေးနဲ့ တစ်ဇွန်းချင်း မသောက်ချင်သောက်ချင်နှင့် သောက်နေတော့သည်။
"မာမီ..."
"ဟင် ဘာလဲ သားငယ်"
"သားနဲ့ကိုကြီး ဘယ်သူ့ကို ပိုချစ်လဲဟင်"
"သားငယ်ကို ပိုချစ်တာပေါ့ မာ့မီသား ပူတူးတူးလေး အမွှေစိန်လေးကို အချစ်ဆုံး"
BINABASA MO ANG
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"