အပိုင်း-၂၄
နားထဲကိုဝင်လာသော အသံတစ်ချို့နဲ့ နှာဖျားလေးကို လာရိုက်ခတ်သော ပင်လယ်ရနံ့က တစ်နေ့တာကိုဖြတ်သန်းဖို့ လုံလောက်တဲ့ အားအင်ပေးတွေ ပေးစွမ်းနေသလို ခံစားရသည်။ ပြည်သာ မျက်လုံးလေးအား မဖွင့်ချင်ဖွင့်ချင် ဖွင့်လိုက်ပြီးနောက်ပိုင်းတွင် မျက်စိရှေ့မှာ မြင်နေရတာက ကိုကိုရဲ့လက်ဖဝါးနုနုလေး။ ပြည်သာ့မျက်နှာလေးအပေါ် နေရောင်ခြည်ကျရောက်တဲ့ဒဏ်ကနေပြီး လက်ဖဝါးလေးနဲ့ကာပေးထားပုံရသည်။ ပြည်သာ အပျင်းဆန့်လိုက်တော့ ကိုကိုက လက်ဖဝါးလေးကို ရုတ်သွားကာ
"နိုးလာပြီလား ကလေး၊ မနက်စောစောနေရောင်ခြည်က ဗီတာမင်ရတယ်ဆိုပေမယ့် အိပ်နေတဲ့ကလေးကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ လက်နဲ့ကာပေးထားတာ"
ကိုကိုက အိပ်ရာဘေးမှာ ဒူးထောက်ထိုင်ပြီး ပြည်သာ့မျက်နှာလေးကို ကြည့်နေသည်။ ရေချိုးပြီးလို့ အဝတ်အစားတွေတောင် လဲပြီးသွားပြီ။
"ကိုကိုက ဘာလို့အစောကြီးနိူးနေတာလဲ၊ ကျွန်တော်က နိုးလာရင် ကိုကို့ရင်ခွင်ထဲ ရောက်နေမယ်ထင်နေတာ၊ အခုတော့"
စူပုတ်ပုတ်မျက်နှာထားလေးနဲ့ ပြောနေတဲ့ ပြည်သာအား ရှိန်း အသည်းယားစွာ ပါးလေးတွေအား ဖျစ်ညှစ်လိုက်သည်။
"ကလေးက အိပ်ပုတ်လေးလုပ်နေတာကိုးကွ"
"အ နာတယ်"
ပြည်သာရဲ့အိပ်ရာနိူးတဲ့ပုံစံလေးက အရမ်းကို ကဗျာဆန်လွန်းနေတာကြောင့် ရှိန်း မနေတတ်စွာ အိပ်ရာပေါ်တက်ပြီး ပြည်သာ့ကိုယ်လုံးလေးအား ထွေးပွေ့မိတော့သည်။ ပြည်သာကလည်း အလိုက်သင့်ပင် ရှိန်း ရင်ခွင်ထဲသို့ ဝင်ရောက်တိုးခွေ့နေသည်။
"ကိုကို..."
"ဝွန်း..."
"ထိုင်းကို ဘယ်နှခေါက်ရောက်ဖူးလဲဟင်"
ရှိန်း ပြည်သာလက်လေးကို ကိုင်လိုက်ပြီး လက်ချောင်းလေးတွေကို ချိုးကာ
"ဆယ်တန်းတုန်းက တစ်ခေါက်၊ ဝမ်းကွဲအစ်မတစ်ယောက် Wedding လာလုပ်တုန်းက တစ်ခေါက်၊ ဒီတိုင်း အလည်ပတ်အနေနဲ့လာတာကတော့ သုံးခေါက်လောက်ရှိမယ်ထင်တယ်၊ ဘာလို့လဲ ကလေးရဲ့"
YOU ARE READING
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"