အပိုင်း - ၂၅
ပြည်သာရဲထက်က လက်ထဲမှ ပုလင်းလေး နှစ်လုံးကို ပင်လယ်ထဲပစ်လိုက်ကာ ပြုံးသည်။ ထို့နောက် ထက်ကိုရှိန်းလက်မောင်းကို တွဲခိုလိုက်ပြီး ထက်ကိုရှိန်း၏ လည်ပင်းကို နမ်းလိုက်သည်။ ဖူးခက် View Point တွင် ညနေစောင်းလာသည်နှင့် လူများဖြင့် ပြည့်နှက်လာတော့သည်။ ဆိုင်လေးများမှ မီးရောင်လေးများကလည်း ဟိုတစ်စ ဒီတစ်စနှင့် စတင်လင်းလက်လာတော့သည်။
ဆားနံ့သင်းသည့် ပင်လယ်ရနံ့နှင့်အတူ လေနုအေးလေးများက တိုက်ခတ် ကျီဆယ်နေကြသည်။ လှပသည့် ညနေခင်းလေးက ချစ်သူနှစ်ယောက်ကြောင့် ပိုမိုလှပနေသယောင်။
"ကလေး ကိုယ်တို့ ပြန်ကြတော့မလား"
"ကိုကိုပင်ပန်းနေပြီလား"
"ကိုကိုက မပင်ပန်းပါဘူး ကလေးရဲ့ .. ကလေး ပင်ပန်းမှာကို စိုးရိမ်တာပါ"
"ကလေး မပင်ပန်းဘူး ကိုကိုနဲ့ အတူရှိနေရရင် ကလေးလုံးဝကို မပင်ပန်းတာ"
ထက်ကိုရှိန်းက ပြည်သာရဲထက်၏ နဖူးမှ ဆံစလေးများကို သပ်တင်ပေးလိုက်သည်။ ဖူးခက်၏ နေဝင်အလှနှင့် ပြည်သာရဲထက်က အပြိုင်လှလို့နေသည်။
ထက်ကိုရှိန်းအတွက် ပြည်သာရဲထက်က အဖိုးမဖြတ်နိုင်လေသော လူသားလေးပင်။
"ကိုကို"
"အင်း"
"ကိုကို ဘန်ကောက်လည်တုန်းက အမှတ်တရအဖြစ်ပျက်တွေ ပြောပြပါလား"
"ဟင်"
ပြည်သာရဲထက်က ထက်ကိုရှိန်း၏ လက်မောင်းကို တွဲခိုနေရာမှ ဖြုတ်လိုက်ပြီး မျက်နှာချင်းဆိုင်းလိုက်သည်။ ထို့နောက် မျက်ခုံးနှစ်ခုကို စုကျုံ့ကာ ကြည့်လာခဲ့သည်။
"ဘာလဲ ကိုကို ဘာမဟုတ်တာတွေ လုပ်ထားလို့ မျက်နှာက ရဲနေရတာလဲ"
"မဟုတ်.. မဟုတ်ပါဘူး ကလေးရဲ့"
"ဒါဆိုရင် ပြောပြ"
ထက်ကိုရှိန်းက ပြည်သာရဲထက်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။
"မျက်နှာချင်းဆိုင်ပြောရရင် ကိုကိုရှက်လို့ပြောမထွက်လောက်ဘူး"
YOU ARE READING
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"