အပိုင်း - ၁၁
မဲပေးမှုအပြီး အနိုင်ရရှိသူကို ကြေငြာမည်ဖြစ်သည့်အတွက် အားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ မဲပေးအပြီး သက်ဆိုင်ရာဒိုင်များမှ မဲကို ရေတွက်နေကြစဉ် တစ်ယောက်တစ်ပေါက်ပြောနေကြလေသည်။
"ပြည်သာရဲထက်ပဲ နေမှာပါ"
"ပြည်သာရဲထက်ပါရမှာပါ"
"ပြည်သာရဲထက်လို့ပဲ ထင်နေတယ်"
"ပြည်သာပဲရမှာပါဟာ အသိသာကြီးကို"
"အေးဟယ် အဲ့လိုပဲထင်နေတယ်"
တစ်ယောက်တစ်ပေါက်စကားသံများ ဆူညံနေပြီး ခဏအကြာတွင် ရလဒ်လည်း ထွက်ပေါ်လာလေသည်။
"ဒီနှစ်အတွက် King အဖြစ်သတ်မှတ်ခံလိုက်ရတဲ့သူကတော့ ပြည်သာရဲထက်ပဲ ဖြစ်ပါတယ် မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရရှိသွားပါတယ်"
ထို့နောက် လက်ခုပ်သံများ ထွက်ပေါ်လာလေတော့သည်။ အားလုံး၏ မှန်းချက်က ကွက်တိကျနေတော့သည်။
King ဖြစ်သွားသည့် ပြည်သာရဲထက်ကတော့ နောက်ရက်မှာပင် မပျော်မရွှင်နိုင်ပဲ ကန်န်တင်းမှာ သက်ပြင်းတချချ လုပ်နေလေသည်။ ထို့ကြောင့် ဇော်ထက်မှာ သူငယ်ချင်းကောင်းပီသစွာဖြင့် မမေးချင်သော်လည်း မေးရလေတော့သည်။
"ဟေ့ကောင် မင်းသက်ပြင်းချနေတာ ငါလဲ လွင့်သွားပါဦးမယ်ဟ"
"ငါ စိတ်ထိခိုက်နေတာ"
"ဟေ ဘာတွေ စိတ်ထိခိုက်နေတာလဲ ပြည်သာရဲ့ ဆိုစမ်းပါဦး"
"ဒီလိုရှိတယ်ကွာ"
"အေး ဘယ်လိုရှိတာလဲ"
"ငါ... ငါ လေ..."
ပြောရင်းပြည်သာရဲထက်က မျက်ရည်များ ဝိုင်းလာသဖြင့် ဇော်ထက်မှာ ခြေမကိုင်မိ လက်မကိုင်မိပင် ဖြစ်လာရတော့သည်။
"အေး ဘာဖြစ်တာလဲ"
"အီးဟီး... ဇော်ထက်ရယ် ငါကလေ မင်းနဲ့ ညှိပြီး ယူထားလိုက်တဲ့ တောင်ပံလေး..."
"ဟမ်..."
"အင်းလေ အဲ့တောင်ပံလေးကို သေချာတောင် မကြည့်လိုက်ရဘူး အီးဟီး"
ESTÁS LEYENDO
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"