ƤAƦƬ ⑦

13.3K 582 3
                                    

အပိုင်း -၇

ကျောင်းတစ်ကျောင်းလုံးတွင် ပြည်သာရဲထက်ပိုက်ဆံမချေးဖူးသူဆိုလို့ ကျောင်းသန့်ရှင်းရေးများသာ ကျန်တော့မည်။ ကြုံရာလူဆီက ပိုက်ဆံချေးသည်။ ချေးသည်ကလည်း (၂၀၀) တည်း။ ချေးပေးလိုက်သူများကလည်း ပြည်သာရဲထက်ကို သနားကာ ထုတ်ပေးကြသည်။ တချို့ဆိုလျှင် (၅,၀၀၀) (၁၀,၀၀၀) အထိ ပြည်သာရဲထက်ကို ထုတ်ပေးကြသည်။ သို့သော် ပြည်သာရဲထက်က (၂၀၀) သာ တောင်းလေ့ရှိသည်။ ထိုထက်လည်း ပိုမယူတတ်ပေ။

အခုလည်း အသစ်ရောက်လာသည့် Tutor အသစ်လေးမှာ ပြည်သာရဲထက်ကြောင့် တစ်သျှူးလေးကိုင်ကာ မျက်ရည်တစ်စမ်းစမ်းဖြစ်နေရရှာသည်။

"သားရယ် သားမေမေကို ပြုစုရတာ ပင်ပန်းမှာပေါ့"

"အာ တီချယ်ရယ် မပင်ပန်းပါဘူး သားသမီးဆိုတာ မိဘကို ပြန်ပြီစောင့်ရှောက်ရမယ်လေ မိဘကျေးဇူး မြင်းမိုရ်ဦးတဲ့ တီချယ်သိရဲ့သားနဲ့"

"ဟုတ်သားပဲ သိပါတယ်ကွယ် ကဲ ကဲ အတန်းချိန်တွေ လွတ်ကုန်တော့မယ် ဒီ (၂၀၀) ကိုပြန်မပေးနဲ့တော့"

"မဟုတ်သေးဘူးလေ တီချယ်ရဲ့ သားက ဒီနေ့အပြန်စရိတ်ပဲ ချေးတာပါ ပြန်ပေးမှာရပေါ့"

"အို မဟုတ်တာ တီချယ်က (၂၀၀) မက ပေးချင်တာပါ သားက ပိုမယူလို့ပါကွယ် ... သားလေးက သိပ်ရိုးသားတာပဲကွယ် ပြန်မပေးနဲ့နော် နောက်လိုရင်လည်း တီချယ့်ဆီပဲလာယူ"

"ကျေးဇူးတင်လိုက်တာ တီချယ်ရယ် သား ကန်တော့မယ်နော်"

တီချယ်သဉ္ဇာကတော့ မျက်ရည်ဝိုင်းနေသည့်မျက်လုံးများကို အငိုမျက်လုံးအပြုံးမျက်နှာလုပ်ကာ ဆုတွေ တသီကြီးပေးရှာလေသည်။

"ဘုန်းကြီးလို့ အသက်ရှည်ပါစေ... လိုရာဆန္ဒတွေ ပြည့်ပါစေကွယ်"

ပြည်သာရဲထက်ကတော့ ထိခြင်းငါးဖြာနှင့် ကန်တော့နေရှာသည်။ မုသာဝါဒကံကြီးကို ကျူးလွန်ထားသည်မဟုတ်ပါလား။ စိတ်ထဲကကလည်း ဆုတောင်းနေရှာသည်။

'တီချယ်ရယ် ပြည်သာလေးလိမ်တာမဟုတ်ရပါဘူး ကံငါးပါးထဲကနေ မုသဝါဒကံကိုလည်း ချိုးဖောက်ချင်တာ မဟုတ်ရပါဘူး စိတ်ထဲကနေ လက်ဆယ်ဖြာထိပ်မှာမိုးလို့ ရှိခိုးပါတယ် ဤသို့ ကန်တော့ရခြင်းကြောင့် ကိုရှိန်းကို နောက်တစ်ကြိမ်ညှစ် အဲ မဟုတ်ပါဘူး ကိုရှိန်းနဲ့ ချစ်ခွင့်ရရပါလို၏ လိုရာဆန္ဒကတော့ ကိုရှိန်းပါ ဘုရား'

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now