ƤAƦƬ ⑱

10.2K 427 2
                                    

အပိုင်း - ၁၈

ရှိန်းအိမ်ပြန်ရောက်တော့ ညရှစ်နာရီပင်ကျော်သွားပြီ။ ညစာက ကလေးနဲ့အတူတူ အပြင်မှာစားပြီးခဲ့တာကြောင့် အခန်းထဲဝင်ပြီး ရေမိုးချိုးကာ ညဝတ်နှင့်ပင် မေမေတို့အခန်းဘက်ထွက်လာခဲ့သည်။

တကယ်တမ်း ဖွင့်ပြောရတော့မယ်ဆိုတော့ စိတ်ထဲမှာ တစ်မျိုးပင်။

ဒီနေရာမှာတော့ ချစ်ရတဲ့ကလေးငယ်က သူ့ထက်ပိုရဲရင့်လေသည်။ ချီတုံချတုံဖြစ်နေသောစိတ်အား အားတင်းကာ မေမေတို့အခန်းတံခါးကို လက်လေးနဲ့ဖွဖွလေးခေါက်လိုက်မိသည်။

"ဒေါက်...ဒေါက်"

"မေမေ... သားပါ... ခဏလောက် စကားပြောစရာလေးရှိလို့ ဝင်ခဲ့လို့ရလား"

"ဝင်ခဲ့လေသား... တခါးလော့မချထားဘူး"

မေမေအသံက ကြည်ကြည်လင်လင်ပဲဆိုတော့ ရှိန်းအားတက်သွားသည်။

စိတ်ကြည်နေတုန်းဆိုတော့ ပြောရဆိုရတာ အားရှိတာပေါ့။

တံခါးဖွင့်ပြီးဝင်သွားလိုက်တော့ မေမေရဲ့စူးစမ်းတဲ့မျက်လုံးတွေက ရှိန်းတစ်ကိုယ်လုံးဆီသို့ ကျရောက်လာလေသည်။

"ဖေဖေရော..."

"ရှိတယ်သားရေ... မင်းမေမေက မုတ်ဆိတ်မရိပ်ရင် အနမ်းမခံဘူးဆိုလို့ မုတ်ဆိတ်ရိတ်နေရတာကွ...ဟားဟား"

တံခါးဖွင့်ထားသော ရေချိူးခန်းထဲကနေ ဖေဖေလှမ်းအော်ပြောတော့ မေမေရဲ့မျက်စောင်းတွေက ရေချိုးခန်းဆီသို့ရောက်သွားလေသည်။

"ရှင်နော်... ကလေးကို ဘာတွေလျှောက်ပြောနေတာလဲ"

ကျီစယ်နေကြသော ဖေဖေနဲ့မေမေ့ကိုကြည့်ရင်း ကလေးလေးကိုတောင် လွမ်းသွားမိသည်။ ကလေးနဲ့အတူတူနေရရင် မေမေ့လိုများ သူ့ကို မုတ်ဆိတ်မရိတ်လို့ စိတ်ကောက်ပြမလား သိချင်လာမိပြီး နှုတ်ခမ်းများကလည်း မဆီမဆိုင်ပြုံးမိသွားသည်။

"အခုတလော အိမ်ပြန်လာတာ နောက်ကျတယ်နော်... ညစာရော စားပြီးပြီလား"

"ဟုတ် စားပြီးပြီမေမေ... အပြင်မှာစားခဲ့တယ်"

"အဲ့ အပြင်စာတွေ ကျပ်ကျပ်စား"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Donde viven las historias. Descúbrelo ahora