အပိုင်း-၃၂
အချိန်တွေ တရွေ့ရွေ့ကူးပြောင်းလာခဲ့သလို ပြည်သာနဲ့ရှိန်းတို့ အတူတူတည်ဆောက်ထားတဲ့ အချစ်ဗိမာန်လေးဟာလည်း နားလည်မှု ချစ်ခြင်းမေတ္တာတွေနဲ့အတူတူ ပိုမိုခိုင်မာလာခဲ့သည်။
တစ်ယောက်ကိုတစ်ယောက် နားလည်ဖေးမကာ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း ချစ်မေတ္တာတွေကို မဏ္ဍပ်တိုင်တက်ပြလိုက်တာ အခုဆိုရင် နှစ်ဖက်မိဘတွေလည်း သဘောတူကြည်ဖြူကာ တစ်ဦးနှင့်တစ်ဦး ကျေကျေလည်လည်နှင့်ပင် ခေါ်ခေါ်ပြောပြော ဖြစ်လာကြပြီလေ။
အရာအားလုံးဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲသွားကြပေမယ့် မပြောင်းလဲတာကတော့ အမေနှစ်ယောက်ရဲ့ သားလုခန်းပဲဖြစ်သည်။
ဒါကြောင့် ပြည်သာတို့အိမ်မှာ တစ်လ၊ ရှိန်းအိမ်မှာ တစ်လ အလှည့်ကျစနစ်ဖြင့် အခုချိန်ထိနေကြရတုန်းပင်။ ဒီလကတော့ ရှိန်းတို့အိမ်မှာ နေရတဲ့လပဲဖြစ်သည်။
"ကိုကိုရေ... ကိုကို"
ပြည်သာရဲ့ အသာစာစာလေးက အိမ်ထဲကနေထွက်ပေါ်လာတော့ ရှိန်း ခြံထဲကနေ အပြေးတက်လာခဲ့လိုက်သည်။
မေမေကလည်း သူ့သားမက်လေးကို အစွမ်းကုန်အလိုလိုက်နေတာကြောင့် အိမ်မှာ ကြောက်ရမယ့်လူမရှိတိုင်း ဒီကောင်လေးက မထင်ရင်မထင်သလို ရစ်တတ်ဂျစ်တတ်တဲ့အကျင့်လေးက ရှိနေတာမို့ ရှိန်းခဗျာ ကိုကိုဆိုတဲ့ ခေါ်သံကြားတာနဲ့ ရောက်ရာအရပ်ကနေ အပြေးခစားနေရသည်။ မဟုတ်ရင် ရစ်လို့မဆုံး၊ ဂျစ်လို့မဆုံး။
"ကိုကိုလို့..."
"ရောက်ပါပြီ ကလေးရာ..."
"ခေါ်နေတာ အသံအိုးတောင် ကွဲတော့မယ်၊ ကိုကိုက ပြန်မှမထူးတာ"
ပြည်သာက နှုတ်ခမ်းလေးကို ဆူချိတ်နေကာ ရန်တွေ့နေတော့ ရှိန်းရင်ထဲမှာ ကလိကလိနှင့် အသည်းယားလှသည်။
"ကြားလို့ပဲ အပြေးလာတာပေါ့ဗျ၊ ကဲ ခု ဘာလဲပြော"
"ဒီမှာ Necktie စီးနေတာ ကြည့်လို့မလှဘူးဖြစ်နေလို့ အဲ့တာ ကိုကို ပြန်စီးပေး"
"အာ ဟုတ်သားပဲ ကိုကို စီးပေးမှာပေါ့ ပေး"
တကယ်တော့ မနက်ဖြန်က ပြည်သာတို့နှစ်က ကျောင်းသူကျောင်းသားတွေကို ဘွဲ့အပ်နှင်းတဲ့ Rehearsal နေ့ဖြစ်သည်။ ဒါကြောင့် ပြည်သာက ဝတ်စုံလေးတွေကို ဒီနေ့ ဝတ်ကြည့်နေခြင်း ဖြစ်သည်။
YOU ARE READING
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"