အပိုင်း ၂

3.6K 285 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၂


"ငါအရင်က မင်းကိုပြောဖူးတယ်၊ ကျိုးရွှယ်က မင်းနဲ့ကစားနေတာ။ မင်းနဲ့ ဟော်ချီတုန်းကြား သူမဘယ်လောက်မြန်မြန် ပြောင်းသွားတာကို ငါမြင်ရတယ်။ ကံမကောင်းစွာပဲ အိမ်ထောင်ပြုပြီးတာနဲ့ နောက်ကြောင်းပြန်လှည့်လို့မရတော့ဘူး။"

သူက အရန်ချစ်သူအဖြစ် ဆက်ဆံခံရကာ စွန့်ပစ်ခံရပြီးနောက် စိတ်ပျက်နေတဲ့ ရန်ချန်းက သူ့မိသားစုရဲ့ အစီအစဉ်ကို လက်ခံခဲ့သည်။ မကြာခင်မှာပဲ ချန်မိသားစုက သမီးနဲ့ လက်ထပ်ခဲ့သည်။

သူ အိမ်ထောင်ပြုပြီးနောက်တွင် တံတားနှစ်ဘက်စလုံးက လမ်းခွဲရင်တောင် မဖြတ်နိုင်တော့ဘူးလို့ လူတိုင်းက ထင်ခဲ့ကြသည်။ ဒါပေမယ့် ကျိုးရွှယ်က သူလက်ထပ်မခင် ချိန်းလာမယ်လို့ ဘယ်သူထင်ထားမှာလဲ။ ရန်ချန်း ကိုယ်တိုင်လည်း ကိစ္စတွေကို မတွေးခဲ့ဘူး။ ကျိုးချောင်ကို ဘားကိုစီမံဖို့ အမှန်တကယ်စီစဉ်ခဲ့သည်။

ဟန်းနီးမွန်းအတွက် သူရဲ့လက်ထပ်ပြီးခါစ ဇနီးသည်နဲ့အတူ နိုင်ငံခြားကို ထွက်ခွာသွားချိန် ကျိုးရွှယ်ရဲ့ဝမ်းကွဲကို အာ့ကွမ်းကို တိုက်ရိုက်တာဝန်ယူခွင့်ပေးခဲ့သည်။ လူတော်တော်များများက သူဘာကြောင့် ဒီလိုဂရုမစိုက်တဲ့ ဆုံးဖြတ်ချက်မျိုး ချရလဲဆိုပြီး ရန်ချန်းစိတ်ထဲ စူးစမ်းချင်ကြသည်။

ရန်ချန်းက နှိမ့်ချစွာ တုံ့ပြန်လိုက်သည်။ "ဟမ်" ဒါပေမယ့် ပထမမေးခွန်းကို သူဖြေတာလား ဒါမှမဟုတ် ဒုတိယမေးခွန်းကို ဖြေတာလား မရှင်း​လင်းပေ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ  'ကျိုးရွှယ်' ကိုပြောတာ မသင့်လျော်ကြောင်း လိမ္မာပါးနပ်သောသူတွေက သိထားကြသည်။ ရှောင်ချုံးစစ်က အကြောင်းအရာကို ပြောင်းကာ စိတ်ဝင်တစား မေးခဲ့သည်။ "သခင်ကြီးရန် အိမ်ထောင်ကျခါစက ဘယ်လိုလဲ?”

တကယ်တော့ ဒီအကြောင်းအရာက သိပ်မကောင်းပေမယ့် ဘောစ့်ရဲ့အောက်ခြေလိုင်းကို ထိမိပုံမပေါ်ဘူး။ ရန်ချန်းက သူ့နဖူးကို ပွတ်ပြီး ကျေနပ်တဲ့အရိပ်အမြွက်နဲ့ “မဆိုးပါဘူး” လို့ ပြန်ဖြေခဲ့သည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now