အပိုင်း ၁၅

1.6K 162 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၁၅


အမှန်တော့ ထမင်းချက်ဖို့ နည်းနည်းစောနေသေးပေမယ့်  အိပ်ယာထနောက်ကျလို့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမည်။

ရှုပ်ပွနေနေပေမယ့် ဟင်းတစ်ခွက်တောင် မချက်ရသေးပေ။

မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေတဲ့သူတွေကို ကြည့်လိုက်တော့ သူတို့နှစ်ယောက်က “အိမ်ထောင်သက်တမ်းကြာတဲ့ လင်မယားတွေ" လို ခံစားချက်ရနေသည်။ ဟန်ချက်ညီညီ လက်တွဲလုပ်ဆောင်နေပြီး နွေးထွေးတဲ့ အငွေ့အသက်များ ရှိနေသည်။

သူ့တံတောင်ဆစ်ကို ဒူးပေါ်တင်ထားတာကြောင့် ချိုင်ယွဲ့​က အနည်းငယ် ကွေးသွားပြီး သူ့အကြည့်က  ရှောက်ချုံးစစ်ကို ကျော်သွားခဲ့သည်။ သူက ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်လိုက်သည်။  "ဒီ ချန်ကျင်းယောင်မှာ တကယ်ကို နည်းလမ်းတချို့ရှိတာပဲ။"

"ကျိုးရွှယ် ထက် ပိုကောင်းတယ်" အန်းထိုက်က အမြဲတမ်း ရိုးရိုးသားသားပြောခဲ့ပေမယ့် သူသည် အရေးကြီးတဲ့ အချက်ကို မရရှိခဲ့ပေ။ သူက ကျိုးရွှယ်ကို မနှစ်သက်ပုံပေါ်သည်။

ချိုင်ယွဲ့က ဓာတ်ပုံကို "ဒါက ငါသိတဲ့ ရန်ချန်း မဟုတ်ဘူး" လို့ရေးပြီး သူ့သူငယ်ချင်းအသိုင်းအဝိုင်းထဲ တင်ခဲ့သည်။ ထို့နောက် မော့ကြည့်ကာ ရယ်ရင်းပြောခဲ့သည်။  “မင်းက ငယ်သေးလို့ နားမလည်ဘူး။ ဘယ်သူက ပိုစိတ်လှုပ်ရှားစရာကောင်းလဲလို့ ပြောရမယ်ဆို ကျိုးရွှယ် ပဲ”

ထို့နောက် သူထပြီး ပြတင်းပေါက်ဆီ လျှောက်သွားခဲ့သည်။  ပြတင်းပေါက်နားမှာ ပန်းအိုးလေးတွေ စီထားပြီး  စိမ်းစိုနေတဲ့ ရှုခင်းတွေက နေရာအနှံ့ပင်။ အပင်တွေက ရင့်သန် နေတာပဲ။ သူ့အိတ်ကပ်ကို ထိတာရပ်​လိုက်ပြီး ဆေးလိပ်သောက်ချင်စိတ်တွေ ပျောက်သွားခဲ့သည်။ သူ အခန်းရဲ့ ပုံစံကို လှည့်ကြည့်လိုက်သည်။

ချန်ကျင်းယောင်က ရန်ချန်း နှလုံးသားကို ဘယ်လိုဖမ်းစားရမလဲ သိပုံပေါ်သည်။

သူမသက အနည်းငယ်ပဲ ကျိုးကြောင်းဆီလျော်ပေမယ့် ဒီအိမ်ကနွေးထွေးတဲ့အိမ်လို့ ခံစားရသေးသည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now