အပိုင်း ၂၂

1.5K 145 5
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၂၂

တစ်ယောက်က အေးဆေးတည်ငြိမ်ပြီး နောက်တစ်ယောက်ကတော့  စိတ်အားထက်သန်ကာ တက်ကြွပုံရသည်။ 

စကား ပြောသံတွေကို ကြားလိုက်ရတော့ ရန်းချန်က ထိုင်ခုံပေါ်ကနေဂိမ်းဆော့ရင်း ပျင်းရိစွာ ခေါင်းမော့လိုက်သည်။

ဒါက သူ ချန်ကျင်းယောင်က ဓာတ်ခွဲခန်း ကုတ် ဝတ်ထားတာကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

မဟုတ်ဘူး ဒါက ချန်ကျင်းယောင် အလုပ်လုပ်တာကို သူပထမဆုံးမြင်ဖူးတာ။

သူမရုံးခန်းထဲကို ဝင်ပြီး ဆေးကုခန်းက ဖြတ်သွားတော့ အဲဒီမှာပဲ ရပ်လိုက်မိသည်။ အခန်းရဲ့ အပေါ်ပိုင်းတစ်ဝက်ကို ဖောက်ထွင်းမြင်ရတဲ့ မှန်တွေနဲ့ ပြုလုပ်ထားသည်။ သူအဲဒီမှာ ခဏရပ်ပြီး အတွင်းဘက်မြင်ကွင်းကို ခဏစိုက်ကြည့်ရင်း မျက်လုံးကို မှိတ်ထားလိုက်သည်။

အမျိုးသမီးက သွားဘက်ဆိုင်ရာ ကုလားထိုင်ဘေးတွင် ရပ်ကာ ငုံ့နေသည်။ အလင်းရောင်က သူမမျက်နှာကို လင်းလက်စေပြီး အပြာရောင်မက်စ်ကို ဝတ်ဆင်ထားသည်။ သူမ မျက်နှာပေါ်မှာ ဆံပင်လေးတွေကျနေကာ သူမ ဇတ်ညောင်းလို့ခေါင်းနည်းနည်းစောင်းသွားတာ ဖြစ်နိုင်သည်။ သူမ ခေါင်းကို ပခုံးနဲ့ ပွတ်လိုက်ပုံက တုနီနဲ့ အတော်လေးဆင်တူကြောင်း သူတွေ့ရှိခဲ့သည်။

အသံတိတ်ပြသမှုကို သဘောကျတယ်။ စကားသံတွေက ရှင်းရှင်းလင်းလင်း မရှိပေမယ့် ငယ်ရွယ်တဲ့ သခင်လေးရန်ရဲ့ အကြည့်ကို အံ့အားသင့်စွာ ဖမ်းစားလိုက်ကာ သူ စိတ်အနှောက်အယှက်ဖြစ်တာကို ပြေပျောက်စေခဲ့သည်။

ခဏတာအတွင်း ချန်ကျင်းယောင်ရဲ့ နူးညံ့သိမ်မွေ့မှုနဲ့ လျစ်လျူရှုမှုကြောင့် သူ အံ့အားသင့်သွားသည်။

သူမရဲ့ ဓာတ်ခွဲခန်းအင်္ကျီသည် ဒူးပေါ်ထိ ရှိသည်။ သူမဝတ်လိုက်တဲ့အခါ ခါတိုင်းထက် အရပ်ပိုမြင့်လာပုံရသည်။

ဒါ့အပြင် စိတ်နေစိတ်ထားကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

သူမက အမြဲတမ်း ပျင်းရိပြီး အိမ်မှာ အေးအေးဆေးဆေး နေတတ်သူဖြစ်တာကြောင့် သူမကို   ဘောလုံးတစ်လုံးလို့တောင် ထင်ခဲ့ဖူးသည်။ အခုတော့ သူမရဲ့ လုပ်ဆောင်ချက်တိုင်းကနေ သူမရဲ့ အရည်အချင်းကို ထုတ်ဖော်ပြသနေသည်။ သူမရဲ့ မျက်ခုံးမွှေးတွေတောင် နက်မှောင်တဲ့ အရောင်တွေနဲ့ ရောထွေးနေသည်။ အဝေးက ခံစားချက် ဖြစ်ပေမယ့် သူမကို ပိုဆွဲဆောင်မှု ကောင်းစေတယ်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon