အပိုင်း ၅၈ / ၅၉ / ၆၀

691 35 0
                                    


အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၅၈



အိမ်ပြန်ခရီးရဲ့ ဒုတိယတစ်ဝက်မှာတော့ ကားရဲ့ အရှိန်အဟုန်က တည်ငြိမ်နေပြီး အိပ်ငိုက်နေတဲ့ ချန်ကျင်းယောင်ကို အိပ်ပျော်သွားအောင် လုပ်နိုင်ခဲ့သည်။ အိမ်ပြန်ရောက်တာနဲ့ ရန်ချန်းက မြေအောက်ကားဂိုဒေါင်မှာ ကားကိုရပ်လိုက်ပြီး အင်ဂျင် ပိတ်လိုက်သည်။ ထို့နောက် ထိုင်ခုံခါးပတ်ကို ချွတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်မိတဲ့အခါ သက်ပြင်းချမိသွားသည်။

 သူ သူမ နိုးအောင် အဝေးက အနီးဆီ ကြိမ်ဖန်များစွာ အော်ခေါ်လိုက်သည်။ နောက်ဆုံး ချန်ကျင်းယောင် နိုးလာပြီး သူမရဲ့ အိပ်ငိုက်နေတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ချိန် ရှေ့မှာရှိနေတဲ့ ရန်ချန်းရဲ့ ခမ်းနားထည်ဝါပြီး ချောမောတဲ့ မျက်နှာက သူမကို ကြိုဆိုနေခဲ့သည်။ "ကိုယ် မင်းကို နှိုးလို့ မရဘူးလို့ ထင်ခဲ့တာ။ နိုးရင်ဆင်းတော့ အိမ်ထဲဝင်​ပြီးမှ ဆက်အိပ်။"

အသံဩဩက သူမကို သုံးဖက်လုံး ဝိုင်းရံထားခဲ့သည်။ ချန်ကျင်းယောင်က သူမ မျက်လုံးကို ​အောက်စိုက်ထားပြီး သူမ ပထမဆုံး မြင်လိုက်ရတာက ရန်ချန်းရဲ့ လည်ဇလုတ်ဖြစ်ကာ သူပြောနေတဲ့ စကားအတိုင်း အဆက်မပြတ် ရွေ့လျားနေခဲ့သည်။

နည်းနည်း စိတ်ဝင်စားဖို့ကောင်းတယ်လို့ သူမ တွေးမိသွားသည်။

အဲ့နောက် နောက်တစ်စက္ကန့်မှာ သူမ သူ့လည်ဇလုတ်ကို ကျီစားဖို့ သူမရဲ့ မိုက်မဲတဲ့လက်ကို ဆန့်ထုတ်လိုက်သည်။

သူမ နောက်တစ်ကြိမ် မော့ကြည့်လိုက်ချိန် ရန်ချန်းရဲ့ နက်မှောင်တဲ့ မျက်လုံးတွေကို တွေ့လိုက်ရသည်။

သူ့ရဲ့ နက်မှောင်နေတဲ့ မျက်လုံးတွေနဲ့ ယှဉ်လိုက်ရင် သူ့ရဲ့ ချောမောတဲ့ မျက်နှာက သူမကို ပိုစွဲဆောင်နေတယ်ဆိုတာ ထင်ရှားသည်။

“…” သူမတို့က မီလီမီတာ အနည်းငယ်မျှသာ ကွာဝေးပြီး သူမတို့ အသက်ရှုသံတွေက အချင်းချင်း ရောယှက်နေခဲ့သည်။ စိတ်တွေ ကမောက်ကမ ဖြစ်နေသေးတဲ့ ချန်ကျင်းယောင်က နောက်ဆုံးမှာတော့ အရက်ကြောင့် ရဲရဲတင်းတင်း ဖြစ်လာခဲ့သည်။ တစ်ယောက်ကို တစ်ယောက် နှစ်စက္ကန့်လောက် ကြည့်ပြီးနောက် သူမ လက်ကိုမြှောက်လိုက်ပြီး ရန်ချန်းရဲ့ လည်ပင်းကို ဖြည်းညှင်းစွာ ချိတ်လိုက်သည်....

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now