Unicode
အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း
အပိုင်း ၄၁
ချမ်းအေးတဲ့ညတွင် တစ်ယောက်တည်းထိုင်ပြီး ချမ်းတုန်နေတဲ့ ချန်ကျင်းလင်က ခဏခဏ နှာချေနေပေမယ့် ရုတ်တရက် အေးခဲနေတဲ့ လက်ချောင်းတွေနဲ့ ဖုန်းပေါ် စာရိုက်ဖို့ တွန်းအားပေးနေဆဲဖြစ်သည်။
တံခါးဖွင့်ထားကြောင်း သူမကြားရဖို့ စိတ်အားထက်သန်နေခဲ့သည်။
…နောက်ဆုံးတော့ ခါးသီးမှုပြီးတဲ့နောက် ကောင်းတဲ့ အချိန်တွေ ရောက်လာခဲ့သည်။ သူမ ငိုလုမတတ်ပဲ။
သူမ မတ်တပ်ထရပ်ပြီး ခရီးဆောင်အိတ်ကို အရှေ့ဘက်ဆီ အမြန်ဆွဲလိုက်သည်။
အဲ့ဒိနောက် တံခါးပွင့်သွားတာနဲ့ တပြိုင်နက် စောင့်မျှော်နေတဲ့ ချန်ကျင်းလင်က ပျော်ရွှင်စွာနဲ့ ချန်ကျင်းယောင်ကို ထဖက်ချင်ခဲ့သည်။ သူမ လက်တွေကို ဖြန့်ထားပြီးသားဖြစ်ပေမယ့် ရုတ်တရတ် ပြန်ချလိုက်သည်။ သူမ ရုတ်တရက် ရပ်လိုက်သည်။ သူမရဲ့ သွက်လက်တဲ့ ရူပါရုံက သူမကို အဓိကအချက်များကို တစေ့တစောင်း ဖမ်းစားနိုင်စေခဲ့သည်။ သူမရဲ့ ညှပ်ရိုးတစ်ဝိုက်တွင် ထင်ရှားတဲ့ အနီကွက် အမြောက်အမြားကို မြင်တွေ့ရပြီး မျက်လုံးများ မှိတ်သွားကာ ညီမလေးရဲ့ မျက်နှာက ပန်းနုရောင်ဖြစ်နေကာ နှုတ်ခမ်းလည်း အကိုက်ခံထားရပုံရသည်။ ချန်ကျင်းလင်က သူမအစ်မရဲ့ လည်ပင်းတစ်ဝိုက်ရှိ အမှတ်အသားတွေကြောင့် မီးဖိုထဲက လတ်လတ်ဆက်ဆက် ထွက်လာကြောင်း သိသေးသည်။
“………”
လေထုက အေးခဲသွားသလိုပဲ။
ချန်ကျင်းလင်က အဆင်မပြေသလို ခံစားခဲ့ရပြီး သူမလက်ကို ဘယ်မှာထားရမှန်း မသိတော့ပေ။
သူမ မျက်နှာကို ကြည့်ရတာ စိတ်ရှုပ်ထွေးနေပုံရပြီး အသက်ပြင်းပြင်း ရှုလိုက်မိသည်။
သူမ ရုတ်တရက် ဘာလို့ ဒီလောက်အကြာကြီး တံခါးကို ဘယ်သူမှလာမဖွင့်တာလဲဆိုတာ သူမ ရုတ်တရက် နားလည်သွားသည်။
တစ်ယောက်ယောက်ကို ဖုန်းခေါ်ဖို့ ဘာကြောင့် ဒီလောက်ကြာကြာယူရလဲဆိုတာ သူမ ရုတ်တရက် နားလည်သွားသည်။
YOU ARE READING
အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)
RomanceTitle - Married to the protagonist Type - Web novel (CN) Genre - Comedy Drama Fantasy Romance Slice of Life Tags - Arranged Marriage Arrogant Characters Beautiful Female Lead Bickering Couple Calm Protagonist Clingy Lover Couple Growth Cute Protago...