အပိုင်း ၃၆

658 68 1
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၃၆

 

သူမ "ကျိရှောင် ရဲ့ ကျောင်းနေဖက်"ကို လက်ခံလိုက်သည်။

ချန်ကျင်းယောင်က သူမကို ချစ်စရာ အီမိုဂျီကို ပေးပို့ခဲ့သည်။

နှစ်မိနစ်လောက်ကြာသွားသည်။

ကျိရှောင်ရဲ့ အတန်းဖော်- "မင်္ဂလာပါ အစ်မ ချန်။ သွားတွေ ညှိဖို့ ဘယ်လောက် ကုန်ကျမလဲ မေးချင်လို့ပါ”

ကျိရှောင်က သူမကို မေးတဲ့ မေးခွန်းနဲ့ တစ်ပုံစံတည်းပဲ။

ချန်ကျင်းယောင် - "ဒါက အခြေအနေတွေပေါ်မှာ မူတည်တယ်။ မင်းရဲ့ သွားတွေရဲ့ လက်ရှိအခြေအနေကို ဓာတ်ပုံတစ်ပုံ ပို့ပေးပါ။ ပုံမှန်ဆို 5k လောက်လိုလိမ့်မယ်”

ဓါတ်ပုံမပို့ဘူး။

ကျိ ရှောင်ရဲ့ အတန်းဖော်- "အဲ့ဒါ ဈေးကြီးလား?"

“…” ချန်ကျင်းယောင်က ထိုကိစ္စကို ဘယ်လိုတုံ့ပြန်ရမလဲ အမှန်တကယ် မသိခဲ့ပေ။ သူမ ပျင်းရိစွာ မျက်လုံးမှိတ်ထားသည်။ ကျိရှောင်အတွက်၊ သူမသည် သူမ၏ ကျောင်းနေဖက်၏ ငွေကြေးကြပ်တည်းမှုအခြေအနေကို သေချာပေါက်နားလည်နိုင်ခဲ့သည်။ သူမ ကျိရှောင် ကိုလည်း စျေးလျော့ပေးမယ်လို့ ပြောခဲ့ပေမယ့် တစ်ဝက်လောက်တော့ လျှော့လို့မရဘူး။

 ကျိရှောင်ရဲ့ အတန်းဖော် - "ဆေးခန်းငယ်လေးတွေက ပုံမှန်ဆို ပိုစျေးသက်သာမှာမဟုတ်ဘူးလား။"

အိုး။

ဤမေးခွန်းကိုမြင်လျှင် သွားနဲ့ခံတွင်းကုသခြင်းဆိုင်ရာ စျေးနှုန်းတွေနဲ့ ပတ်သက်ပြီး သူမတွင် အကြံဥာဏ်တစ်ခုရရှိခဲ့သည်။

ချန်ကျင်းယောင် မျက်လုံးကို မှိတ်ထားမိသည်။ “တခြားပုံမှန်ဆေးခန်းတွေနဲ့ အတူတူပဲ။ မင်း တခြားနေရာတွေကိုလည်း မေးလို့ရတယ်။”

သူမ လူနာတွေနဲ့ ဆက်ဆက်ဆံဖို့ ထိုကဲ့သို့ စိတ်ရှည်သည်မှာ ရှားရှားပါးပါးပင်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now