အပိုင်း ၈

2.3K 223 1
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၈


စောစောက ဆွေးနွေးခဲ့ကြသည့် စိတ်ကူးယဉ်ဖြစ်ရပ်များကို မကြုံတွေ့ရသလို ယူဆကာ ခင်ပွန်းသည်ရဲ့ စရိုက်ကို သန့်စင်သွားစေနိုင်သည်။

ဒါပေမယ့် လက်တွေ့တွင်၊ ရန်ချန်းရဲ့ စကားများက ဘာမှမဟုတ်တဲ့ ကတိများသာဖြစ်တယ်လို့ ပြောခြင်းက ပိုလုံခြုံသည်။

ဒါကြောင့် ရန်ချန်းက ကျိုးချောင်အတွက် အလုပ်စီစဉ်တဲ့အခါ ချန်ကျင်းယောင်က သစ္စာဖောက်သလိုခံသားရပြီး သူနဲ့ ရန်ဖြစ်ခဲ့သည်။ ရန်ချန်းက သူမကို ပြောပြတဲ့ အချိန်တုန်းက ပျော်ရွှင်နေပုံကိုလည်း သူမ သတိရမိသည်။ – “မနာလိုမဖြစ်ပါနဲ့၊ ငါတို့အဲဒီကိုရောက်တာနဲ့ မင်းသိလိမ့်မယ်။"

တကယ်ကိုပဲ၊ သူမ သူ့ ရည်ရွယ်ချက်တွေကို အခုမှ သိသည်။

သူတို့နဲ့ ခွဲခွာတဲ့ နည်းလမ်းက အရမ်း စေ့စပ်သေချာကြောင်းလည်း သူမ သိသည်။

သူမသိပြီးနောက် ချန်ကျင်းယောင်က ဘာပြန်ပြောရမှန်း မသိတော့ပေ။

ရန်ချန်းက လူအများရှေ့တွင် စွဲမက်ဖွယ်ကောင်းတဲ့ ယောက်ျားတစ်ယောက်၏ ပုံရိပ်ကို ဖန်တီးခဲ့သည်။ အခြားသူတွေက သူ့ကို ဘယ်လောက်စိုက်ကြည့်စိုက်ကြည့် ဒါမှမဟုတ် သူ့နောက်ကွယ်မှာ အတင်းအဖျင်းပြောနေပါစေ အဆုံးထိ ဒီအချစ်ရူးနေတဲ့ ဇာတ်ရုပ်ကို အပြီးတိုင် ထမ်းဆောင်မည်ဖြစ်သည်။

သို့သော် ထိုပုံရိပ်အောက်တွင် ဘယ်မှမှ မျှော်လင့်မထားတာက သူက ဟော်ချီတုန်းနဲ့ ကျိုးရွှယ်ကို ဆန့်ကျင်ဖို့ စတင် ကြံစည်နေပြီဖြစ်သည်။

ရန်ချန်းက ချန်ကျင်းယောင်နဲ့ လက်ထပ်လိုက်တဲ့အခါ သူသည် တမင်မူးအောင်သောက်ပြီး ကိုယ့်ကိုယ်ကို ကျေကျေနပ်နပ် ဖျော်ဖြေခဲ့သည်။ ဒါပေမယ့် တကယ်တမ်းတွင် ကျိုးရွှယ်နဲ့ လုံးဝအဆက်အသွယ် ဖြတ်ထားတာရကြောင့် ဒီပြဇာတ်မှာ သူတိတ်တဆိတ်ပျော်နေခဲ့သည်။

"ဇနီးလေး၊ မင်း ကိုယ့်ကိုချစ်လား? ကိုယ် သူမရဲ့ အရှက်ခွဲတာတွေကို နှစ်အတော်ကြာအောင် ခံရပ်ခဲ့ရတာ။”

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now