အပိုင်း ၃၄

709 69 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၃၄


ရေခဲသေတ္တာအတွင်း၌ အသားပေါင်မုန့် အိတ်အနည်းငယ်သာ ရှိနေသည်။

အဲ့ဒါတွေကို အိုးတစ်လုံးထဲမှာထည့်ပြီး နွှေးရမယ်။ တော်တော်လေးရိုးရှင်းသည်။

ချန်ကျင်းယောင်က “ကောင်းပြီ” လို့ တုံ့ပြန်ခဲ့ပြီး အတော်လေး နာခံနေတာကို တွေ့ခဲ့ရသည်။ ဒါပေမယ့် နောက်တခဏတွင် ရန်ချန်းက အရာအားလုံးက လှည့်စားမှုတစ်ခုသာဖြစ်ကြောင်း ခံစားလိုက်ရသည်။ " ဆန်ပြုတ်ပူပူလေး သောက်ချင်တယ်"

“ထမင်းပေါင်းအိုး သုံးလို့ရတယ်။ ဆန်ကို အရင်ဆေးပြီး ဆန်နည်းနည်းနဲ့ ရေများများထည့်ဖို့ မမေ့နဲ့။” သူမက သူ့ကို သင်ပေးဖို့ မမေ့ဘူး။ သူမက သူ့ကို အမိန့်ပေးတာ တော်တော်ကောင်းတယ်။ “ နွေးတာတစ်ခုခုသောက်လိုက်ရင် နည်းနည်းလေး ပိုကောင်းလာမှာ။ ကျွန်မတို့အိမ်မှာ အာလူးအကြေတွေ ရှိတယ် မဟုတ်လား? ဆန် ပြုတ်နဲ့ တွဲစားလို့ရတယ်။"

“……” သခင်လေးရန်က ပြောစရာစကားပျောက်ရှသွားသည်အထိ ခံစားခဲ့ရသည်။

သူ့မျက်လုံးထဲက အမှောင်ထုက တဖြည်းဖြည်း ငြိမ်သက်သွားပြီး အနည်းငယ် တုန်လှုပ်သွားသည်။ သူသည် သူ့သွားများကို တိတ်တဆိတ် ကြိတ်ကာ ချန်ကျင်းယောင်က အလွန်တရာ ကျေနပ်ဂုဏ်ယူမိကြောင်း သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းထဲ ယုံကြည်ခဲ့သည်။

ရန်ချန်းက သူ့မျက်လုံးတွေကို မှိတ်ထားပြီး သူမဆီကို သူ့အန္တရာယ်ရှိတဲ့ အကြည့်တွေ ရှောင်နေလိုက်သည်။

သူ့ကြည့်ရတာ ချန်ကျင်းယောက်ရဲ့ နာကျင်ကိုက်ခဲနေတဲ့ ဓမ္မတာလာနေတာကို မေ့ထားဖို့ အဆင်သင့်ဖြစ်နေပုံရတယ်။

အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးထဲ ရက်စက်မှုတွေ လျော့သွားခဲ့သည်။ သက်ပြင်းရှည်ကြီးချပြီးနောက် လှည့်ကြည့်ကာ ပြောင်းလဲသွားသည်။

ချန်ကျင်းယောင်က သူမ ဘဝက အစွန်းမှာ တရွေ့ရွေ့ လှုပ်ရှားနေတာကို လုံးဝ သတိမထားမိခဲ့ပေ။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now