Unicode
အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း
အပိုင်း ၄
"ဟင့်အင်း" ချန်ကျင်းယောင်က သူ့ကို မစဉ်းစားဘဲ ပြန်ဖြေခဲ့သည်။ သူမ ခင်ပွန်းရဲ့ ခံစားချက်ကို ဂရုစိုက်တဲ့ အသိစိတ်ရှိသည့် ဇနီးတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်လည်း မရှိပေ။
"ငါ တစ်လို့ပြောရင် ငါ့မိန်းမက နှစ်လို့ ပြောရဲမှာမဟုတ်ဘူး။"
အာ့ကွမ်းဘားတုန်းက ရှောက်ချုံးစစ်ရှေ့ ရန်ချန်းက ကြွားဝါခဲ့သည်။
နောက်ပြီး ဒုက္ခပေးသူ ရှောက်ချုံးစစ်က သူ့ဘေးမှာ ရပ်နေသေးသည်။
ရန်ချန်း - “….” အိုး..ငါ့ မျက်နှာနည်းနည်းနာနေတယ်...
သူမ ငြင်းဆိုမှုက ရိုးရှင်းလွန်းသောကြောင့် သူမကိုယ်ကိုအသိစိတ် အနည်းငယ်ရှိစေသည်။ ချန်ကျင်းယောင်က သူနှင့် ကျိုးကြောင်းဆင်ခြင်ပြီး ပြောခဲ့သည်။ “မိန်းမတစ်ယောက်ကို ညလယ်ခေါင်မှာ ထွက်ခွင့်ပေးတာက လူကြီးလူကောင်းတစ်ယောက်လို့ ရှင် ထင်လား။ ရှင် အဲဒီမှာရှိနေပြီ၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ရှင် အဲ့ဒီမှာ နောက်ထပ် နာရီအနည်းငယ် ဆက်နေရင် ကောင်းသွားလိမ့်မယ်။"
ခေတ္တရပ်ပြီးနောက် သူမက အေးဆေးစွာ ထပ်ပြောခဲ့သည်။ “သည်းခံလိုက်။ မနက်ဖြန် မနက် လာတွေ့မယ်။"
“ကောင်းပြီ။” ရန်ချန်းက အလျှော့ပေးကာ ဂရုတစိုက် ပြန်ဖြေခဲ့သည်။
သူဖုန်းချလိုက်ပြီးနောက် ရှောက်ချုံးစစ်က သူ့ကို ချောင်းကြည့်ခဲ့ပြီး ရန်ချန်းရဲ့ စိတ်နေစိတ်ထားကို မှန်းဆ မရတာကြောင့် အခြေအနေကို မေးချင်ပေမာ့် သူ့သူငယ်ချင်းကိုလည်း မနှောင့်ယှက်ချင်ပေ။
ကံမကောင်းစွာပဲ သူ့ သိချင်စိတ်ကို မထိန်းနိုင်ဘဲ သူ့ပါးစပ်က ထွက်သွားခဲ့သည်။ "မရီး လာမှာလား"
လူအများစုက တူညီတဲ့ စိတ်အခြေအနေရှိကြပြီး ဆူညံခြင်းကို နှစ်သက်ကြသည်။
ရန်ချန်းက သူ့ရှည်လျားတဲ့ ခြေထောက်များကို ချိတ်ထိုင်လိုက်ကာ မျက်ခုံးပင့်လိုက်သည်။ သူ 'စွန့်ပစ်ခံခဲ့ရတယ်' လို့ဝန်ခံတာလောက် သူ့မျက်နှာပျက်စေတာမရှိပေ။ ခဏအကြာ သူပြန်ဖြေပေမယ့် သူ့အသံက အနည်းငယ် မြန်နေခဲ့သည် - "မဟုတ်ဘူး"
ESTÁS LEYENDO
အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)
RomanceTitle - Married to the protagonist Type - Web novel (CN) Genre - Comedy Drama Fantasy Romance Slice of Life Tags - Arranged Marriage Arrogant Characters Beautiful Female Lead Bickering Couple Calm Protagonist Clingy Lover Couple Growth Cute Protago...