Unicode
အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း
အပိုင်း ၂၇
အဲ့ဒါက သူနည်းနည်းသောက်မိတာကြောင့် ဖြစ်နိုင်သည်။
အဲ့ဒါကြောင့်ပဲ သူ ကိစ္စတိုင်းကို မှန်မှန်ကန်ကန် မျှမျှတတ လုပ်ဆောင်နေတယ်လို့ ထင်နေခဲ့သည်။
ကျဉ်းမြောင်းတဲ့ နေရာလေးထဲ ပူလောင်ပြီး မောဟိုက် နေတဲ့ အသံကို မသိမသာ ကြားနေရသည်။ နှလုံးခုန်သံတွေနဲ့အတူ မှောင်မိုက်နေတဲ့ ပတ်ဝန်းကျင်မှာ လူငယ်နှစ်ဦးက အာရုံစူးစိုက်မှုခံစားရဖို့ လုံလောက်ပါသည်။
ချန်ကျင်းယောင် မျက်နှာက နီမြန်းလာပြီး သူမစိတ်တွေက လွတ်ထွက်သွားသည်။
အခုအချိန် သူမက သူ့လက်အောက်မှာ ရှိနေခဲ့သည်။ သူ့ကို တွန်းဖယ်ချင်ပေမယ့် မလှုပ်နိုင်တာ သတိပြုမိသွားသည်။ ထိုအချိန်တွင် ရန်ချန်းက သူမ နှုတ်ခမ်းတွေကို လောဘကြီးစွာ နမ်းခဲ့သည်။ ချန်ကျင်းယောင်က သူမကို မျိုချချင်နေတယ်လို့ ခံစားလိုက်ရသည်။
သူမ မသိစိတ်က နောက်ပြန်ဆုတ်သွားပေမယ့် ရန်ချန်းက အဲ့ဒါကို တွေ့ရှိသွားပုံရသည်။ သူ့ မျက်လုံးတွေ အနည်းငယ် ဖွင့်ကြည့်လိုက်တော့ သူ့မျက်တောင်တွေက လှုပ်ယမ်းသွားသည်။ ထို့နောက် ချန်ကျင်းယောင်ရဲ့ လျှာနဲ့ ကစားခဲ့ပြီး ပြန်မှိတ်လိုက်သည်။ နောက်တော့ သူမ ခေါက်နောက်က သူ့လက်က ခွန်အားပိုတိုးလာခဲ့သည်။
သွားစရာနေရာမရှိတော့မှန်း သူမ သိတာကြောင့် ချန်ကျင်းယောင်က သူမ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ သူမက ခုခံတာကနေ ကူကယ်ရာမဲ့သလို ခံစားလာရပြီး ထိုခံစားချက်ကို ခံနိုင်ရည်ရှိလာခဲ့သည်။
နောက်ဆုံးတော့၊ လိုချင်တောင့်တမှုတွေ ခံစားနေချိန်မှာ စုံတွဲတွေအတွက် တစ်ခုခုဖြစ်လာဖို့က လွယ်ကူသည်။
…
ဆယ်မိနစ် ကြာပြီးနောက်။
ရန်ချန်းရဲ့ စိတ်ကို သိမ်းပိုက်လိုက်တဲ့ စိတ်အားထက်သန်မှုနဲ့ သူ့အကြောင်းပြချက်က တဖြည်းဖြည်း သက်သာလာခဲ့သည်။
YOU ARE READING
အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)
RomanceTitle - Married to the protagonist Type - Web novel (CN) Genre - Comedy Drama Fantasy Romance Slice of Life Tags - Arranged Marriage Arrogant Characters Beautiful Female Lead Bickering Couple Calm Protagonist Clingy Lover Couple Growth Cute Protago...