အပိုင်း ၅၄ / ၅၅ / ၅၆ / ၅၇

163 2 0
                                    



အပိုင်း ၅၄


သူမရဲ့ အရေခြုံထားတဲ့ မျက်နှာဖုံး စုတ်ပြဲသွားသလို ခံစားလိုက်ရသည်။ အမှောင်ထဲမှာ အကြာကြီးထိုင်ပြီးတဲ့နောက် အလင်းရောင်က သူမမျက်လုံးတွေကို ထိမိတဲ့အခါ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက ရှောင်တိမ်းဖို့ပဲ။ ထိုကဲ့သို့ ရိုးရှင်းသော ဆွေးနွေးပွဲတွင် ကျိုးရွှယ်သည် ရန်ချန်းနှင့် မယှဉ်နိုင်ပါ။ သူမသည် ဤလူကို လှည့်ပတ်နေသည်ဟု သူမ ထင်ခဲ့သော်လည်း၊ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ ဒါက သူမကိုယ်တိုင် လှည့်စားခြင်းကနေ ထွက်လာတဲ့ လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ တကယ်တော့ သူမက ရန်ချန်း မျက်လုံးထဲတွင် ရယ်စရာ တစ်ခုမျှသာဖြစ်သည်။

ကျိုးရွှယ်က သူ့မျက်လုံးတွေကို တိုက်ရိုက်မကြည့်ရဲပေ။ သူမ ခေါင်းကြည့်ရင်း နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမပေါင်ကို ငုံ့ကြည့်ရင်း ဒေါသဖြစ်နေသော်လည်း ဘာမှ မပြောနိုင်ပေ။ သူမကိုယ်သူမ ယုံကြည်မှုတွေက လုံးဝပျောက်ဆုံးသွားခဲ့သည်။

ဒါပေမယ့် အဲဒါကို တွေးပြီးတဲ့အခါမှာတော့ ရန်ချန်း ပြောတာက အဓိပ္ပာယ်ရှိတယ်ဆိုတာကို သူမ ဝန်ခံလိုက်ရသည်။

မီးရောင်များက အထပ်ထပ် အခါခါ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့သည်။ 

ရန်ချန်း ခဏလောက် စဉ်းစားပြီး သူ့နှာခေါင်းနားကို နှိပ်နယ်လိုက်သည်။ သူသည် ရုတ်တရတ် ယုတ်မာသော အပြုအမူကို ဖယ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းက လျစ်လျူရှုသလို အ​ပြုအမူဖြင့် ပြုံးလိုက်သည်။ "ဟုတ်ပြီ၊ ငါမင်းကို နောက်ထပ် အကြံဥာဏ်တစ်ခုပေးမယ်။ ကျိုးရှောင် လိုမျိုး မင်းရဲ့ဆွေမျိုးတွေကို အာရုံစိုက်တာလျော့ပြီး မစ္စ ဟော်ရဲ့ ထိုင်ခုံမှာ နေတာ ပိုကောင်းတယ်။"

“………”

အဲဒီနောက်မှာတော့ မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက် ရန်ချန်းသည် မျက်လုံးတွေ မှိတ်လိုက်ပြီး ဧည့်သည်ကို ထွက်သွားဖို့ အမိန့်ပေးလိုက်သည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ