အပိုင်း ၄၃ / ၄၄ / ၄၅

367 11 0
                                    



အပိုင်း ၄၃


ချန်ကျင်း​ယောင်က သူမလက်ထဲက တိရိစ္ဆာန်လေးကို ချီပြီး သူ့ဘက် လှည့်လိုက်ချိန် သူ့ကို ပြောပြီးသွားပြီ။ သူမ လျှာကို ထုတ်လိုက်ပြီး ပြောလိုက်သည်။ "ဒီည ရှင် တုနီ နဲ့ အိပ်လို့ရတယ်" 

ခဏရပ်ပြီးနောက် သူမက ဆက်ပြောခဲ့သည်။ “ကျွန်မ ဒီည ကျွန်မ ညီမနဲ့ အိပ်မယ်”

ထိုစကားကိုကြားတဲ့အခါ ရန်ချန်းရဲ့ လက်ချောင်းတွေက ထိုနေရာမှာပဲ အေးခဲသွားခဲ့သည်။ “……”

ထုံးစံအတိုင်း၊ သူ့လက်စားချေမှုကို မလုပ်နိုင်တော့ဘူး။

အချိန်အတော်ကြာပြီးနောက်။

ရန်ချန်းက မျက်ခုံးပင့်ကာ သူမကို အဓိပ္ပါယ်မသိနိုင်တဲ့ အကြည့်နဲ့ ကြည့်ခဲ့သည်။ “ကောင်းပြီ။”

အဲ့လောက် လွယ်လို့လား။

ချန်ကျင်းယောင် အံ့သြသွားသည်။ တစ်ချိန်တည်းမှာပဲ သူမ အနည်းငယ် မျက်နှာချိုသွေး လာခဲ့သည်။ ဒါပေမယ့် အတွေးတစ်ခုခုနဲ့ သူမ နားလည်နိုင်ခဲ့သည်။ သူမက သူမရဲ ထင်မြင်ချက်တွေနဲ့ ကြောက်ရွံ့နေခဲ့သည်။ နောက်ပြီး ဒီအရာက အမှန်တကယ်ကို ကြီးကြီးမားမား ကိစ္စတစ်ခု မဟုတ်ပေ။

“သူ ကျွန်မကို ပြောပြချင်တဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေပုံပဲ” လို့ သူမ ရှင်းပြခဲ့သည်။

“ဟမ်” ရန်ချန်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြခဲ့ပြီး တည်ငြိမ်စွာနဲ့ နားလည်ကြောင်းဖော်ပြခဲ့သည်။ ထို့နောက် သူက ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး ချန်ကျင်းယောင်ရဲ့ ကျေးဇူးတင်တဲ့ အကြည့်အောက်တွင် ပြောခဲ့သည်။ "မင်း အနာဂတ်မှာ အဲဒါကို ငါ့အတွက် ပိုကောင်းအောင် လုပ်ပေးဖို့ နည်းလမ်းကို တွေးနေတာလား။"

သူ့လေသံက လေးနက်လွန်းတာကြောင့် ထိုစကားလုံးတွေထဲက ပိုလေးနက်တဲ့ အဓိပ္ပါယ်ကို ဖမ်းဆုပ်ရခက်နေသည်။

 “…” ချန်ကျင်းယောင်က မျက်ခုံးပင့်ခဲ့ကာ ခံစားချက်တွေက မသဲကွဲခဲ့ပေ။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now