အပိုင်း ၂၃

1.4K 114 1
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၂၃

“အခုလိုပဲ။ ငါ မင်းရဲ့ဆေးခန်းကို ပျော်ပျော်ရွှင်ရွှင် လာခဲ့တာ…” ထိုလူက ရုတ်တရက် ရပ်တန့်သွားပြီး သူ့စကားလုံးတွေကို စီနေခဲ့သည်။ “ငါ့မှာ အစီအစဥ် နှစ်ခုရှိတယ်။ မင်းငါ့ကို ပိုင်တယ်ဆိုတာ လူတိုင်းသိအောင်နဲ့ ငါတို့ရဲ့ဆက်ဆံရေးကို မြှင့်တင်ဖို့အတွက် မင်းနဲ့ အတူစားဖို့။"

ပထမဆုံး ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ စိတ်ခံစားချက်နီးကပ်စေဖို့ပင်။ ဒုတိယအချက်မှာ ရန်ချန်းက သူတို့၏ ဆက်ဆံရေးကို မြှင့်တင်ရမယ်လို့ ထင်တာကြောင့်ဖြစ်သည်။

“ကြည့်။ အနည်းဆုံးတော့ ငါတို့အိမ်ထောင်ရေးအဆင်ပြေဖို့ ငါ တက်တက်ကြွကြွ ကြိုးစားနေတယ်။" သူက ပြောခဲ့သည်။

ချန်ကျင်းယောင်က ပြန်ချေမပခင် ရန်ချန်းက သူ့ကို ထပ်ပြီးနှောက်ယှက်ခဲ့သည်။ သူက မျက်စောင်းထိုးပြီး “မင်း တံခါးကို တွန်းပြီးဝင်လာကတည်းက မင်း ငါ့ကို လုံးဝမကြည့်ဘူး။ မင်းပဲ မင်းစိတ်ခံစားချက်အတိုင်းလုပ်နေတာ။"

“…”

သူမအပေါ် အပြစ်ပုံချတာက တကယ်ကို ရိုးရှင်းတယ်။

ချန်ကျင်းယောင်က သူမ မတက်ကြွတာ ဒါမှမဟုတ် ဘာမှ မတွေးခဲ့မိပေ။ သူမက စိတ်ခံစားချက်နဲ့အတူ လိုက်ချင်ခဲ့သည်။ ရန်ချန်းက သူ့ကိုတွေ့တာ မအံ့သြဘူးလို့ စွပ်စွဲတဲ့ အတွက် ရှောင်လျှို သူမကို ကြိုပြောထားတာကိုသာ အပြစ်တင်နိုင်သည်။ ဒါကြောင့် သူမ ဒီနေရာဆီ လျှောက်လာစဉ် သူမရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့အပြင် သူမ ခွင့်ပြုချက်မရှိဘဲ ရုံးထဲ ဝင်ရောက်သူတွေကို မကြိုက်ပေ။

"ရှင်က ညည်းညူတတ်တဲ့ ခင်ပွန်းတစ်ယောက်လိုပဲ" ချန်ကျင်းယောင်က ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သည်။

ရန်ချန်းက မငြင်းခင် ခဏရပ်လိုက်သည်။

သူက ပျင်းရိစွာ သက်ပြင်းချလိုက်ပြီး စကားလွှဲလိုက်သည်။ "မနေ့ညက မင်းက ငါ့အောက်မှာ ရှက်ရွံ့တုန်လှုပ်နေပေမယ့် အခု မင်းက ငါ့ကို တစ်ခါမှ မမြင်ဖူးသလိုပဲ လုပ်နေတယ်။ ဒီ ငြင်းခုန်မှုက ကြီးလွန်းတယ်။ ဒါကို ငါ လက်မခံနိုင်တော့ ညည်းညူရတော့မှာပေါ့။”

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz