အပိုင်း ၂၆

834 80 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၂၆



ရန်ချန်းရဲ့ အကြည့်အောက် ချန်ကျင်းယောင်က အလွန်ရှက်ကိုးရှက်ကန်းဖြစ်ခဲ့ရသည်။ သူမ အိမ်ထောင်ဖက်တချို့ကို ယောင်ဝါးဝါးပဲတွေ့ပြီး ပေါ့ပေါ့ပါးပါး ဖြေခဲ့ကာ သူမ အမေရဲ့ အကြံဉာဏ်ကို သဘောတူသလို ဟန်ဆောင်ခဲ့သည်။

သူမ သဘောထားကို မပြရင် သူမအမေက သူမကို သေတဲ့အထိ ဆုံးမမှာ ကြောက်သည်။

တရုတ်နှစ်သစ်ကူး ကာလမှာ အားလပ်ရက်ခရီးထွက်တာနဲ့ ကြိုတင်ကျင်းပဖို့ လာတာက အစီအစဥ် အားလုံးသာဖြစ်သည်။

ဒီလိုဖြစ်လာမယ်ဆိုတာ သူမသိရင် လာဖို့ထက် သေချင်နေလိမ့်မည်။


အဲ့ဒါက ခက်ခဲတဲ့ ညစာစားပွဲပင်။

နောက်ဆုံးတွင် ချန်ကျင်းယောင်က ရန်ချန်းကို ခေါ်ပြီး ထွက်ပြေးလုနီးပါးဖြစ်ခဲ့သည်။

သူမ နားမထောင်ချင်ဘူး။ သူမ သူတို့စကားကို နားမထောင်ချင်ပေ။

ဒါပေမယ့် သူမထမင်းစားပွဲကနေ လွတ်မြောက်သွားရင်တောင် အိမ်ကနေ မလွတ်နိုင်ဘူး။ အိမ်မပြန်ခင် မေမေ ချန်က ချန်ကျင်းယောင်ကို ဘေးနားကပ်ပြီး မေးခဲ့သည်။ "ရန်ချန်းက သမီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ် ဟုတ်တယ်မလား" 

ဘယ်လိုပဲ ဖြစ်ဖြစ် မိဘတွေအနေနဲ့ သူတို့ နှလုံးသားတွေက သားသမီးတွေအပေါ် ဘက်လိုက်နေသေးသည်။

“သူ သမီးကို ကောင်းကောင်းဆက်ဆံပါတယ်။ စိတ်မပူပါနဲ့။” ချန်ကျင်းယောင်က ဖြေလိုက်သည်။

သူမက မပြောခင် ခအရပ်လိုက်သည်။ " မှန်ကန်တဲ့ နေထိုင်နည်းကို သမီးသိတယ်၊ သမီး အဲ့ဒီလိုလုပ်မယ်။ အမေ အမေ ဒီနေ့ သမီးကို တော်တော် အဆင်မပြေအောင် လုပ်လိုက်တာပဲ။"

"ဘာတွေ အဆင်မပြေဖြစ်သွားလို့လဲ" မေမေ ချန်က သူမ မှားတယ် မထင်ခဲ့ပေ။ “ဒါတွေအားလုံးကို အမေ မင်းအတွက် လုပ်ပေးတာ။ အမေ ကြောက်တာက မင်း…” သူမ ရုတ်တရက်ရပ်လိုက်သည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now