အပိုင်း ၄၉ / ၅၀

508 46 0
                                    


အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၄၉



သို့သော် ရန်ချန်းမရောက်ခင် ကျိုးရှောင်က ဆေးရုံသို့ အရိုက်ခံရပြီး အရင်ရောက်လာမယ်လို့ မည်သူမျှ မမျှော်လင့်ထားပေ။

အဲ့ဒါက တက်တူးထိုးထားတဲ့ လူရမ်းကားအုပ်စုပင်။ မီးရောင်မှိန်မှိန်အောက်တွင် အ​မှောင်ထဲ ဆွဲခေါ်သွားခံရပြီး ပြင်းထန်စွာ ရိုက်နှက်ခြင်းခံရသည်။ သူတို့ရဲ့ ခွန်အားကို မထိန်းထားဘဲ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ လူနာတင်ကားဖြင့် ဆေးရုံ ပို့ဆောင်လိုက်သောအခါတွင် ဦးခေါင်းမှာ သွေးယိုစီးနေပြီဖြစ်သည်။“သေစမ်း အဲ့ဒိလူယုတ်မာတွေ။ သူတို့ဘယ်သူလဲဆိုတာသိရင် ငါသတ်ပစ်မယ်!"

သို့သော် ကျိုးရှောင်သည် သူ့နေ့စဉ်ဘဝတွင် လူများစွာကို စော်ကားပြီး ရန်သူများစွာရှိသည်။ ဘယ်သူလုပ်တယ်ဆိုတာ သူဘယ်လိုသိနိုင်မလဲ။ သူအလိုရှိသမျှ အော်ဟစ်နိုင်ပေမယ့် ၎င်းနှင့်ပတ်သက်ပြီး အမှန်တကယ်ကို ဘာမှမတတ်နိုင်ပေ။

ရက်အနည်းငယ်ကြာပြီးနောက် ကျိုးရွှယ် သူ့ကိုတွေ့သောအခါ ရန်ချန်းနှင့် အဆက်အသွယ်လုပ်ရန် တွေးနေသေးသော်လည်း လောလောဆယ်မှာ မသန်စွမ်းဖြစ်ပြီး ဆေးရုံမှ မဆင်းနိုင်သေးပေ။

အများကြီးတွေးပြီးနောက်၊ ကျိုးရွှယ်က သူမရဲ့ နောက်ဆုံးကောက်ရိုးမျှင်ကို ဆုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သေးသည်။

"ငါ့အစား မင်းမေးရင် ပိုထိရောက်လိမ့်မယ်"

——————————————

 ရာသီဥတု သာယာတဲ့ သောကြာနေတွင်။

ခွဲစိတ်ခန်းသုံး မျက်နှာဖုံးကို ချွတ်ပြီး ရုံးခန်းသို့ ပြန်လာပြီးနောက် သူမ သက်ပြင်းတစ်ချက်ချကာ ရုံးထိုင်ခုံပေါ်သို့ ပြန်လှဲချလိုက်သည်။ သက်တောင့်သက်သာရှိသော အနေအထားကို ရှာရန် ကြိုးစားသော်လည်း မတွေ့နိုင်သဖြင့် ကျောရိုးဆန့်ဖို့ လက်နှစ်ဖက် မြှောက်ထားလိုက်သည်။ သူမ မျက်တောင်များက တွန့်ကွေးသွားကာ ကွန်ပြူတာဘေးရှိ အစိမ်းရောင်အပင်ကို စိုက်ကြည့်လိုက်ချိန် မောပန်းနွမ်းနယ်မှုများကို ချက်ချင်း ပြေပျောက်စေခဲ့သည်။ သူမ လန်းဆန်းသွားသလို ခံစားရတယ်။ သူမရဲ့ ပိတ်ရက် အချိန်ပြန်ရောက်ပြီ။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Donde viven las historias. Descúbrelo ahora