Unicode
အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း
အပိုင်း ၁၆
သူ့စကားတစ်ဝက်တစ်ပျက်မှာ ချိုင်ယွဲ့ "ကြည့် ငါဘာပြောခဲ့လဲ" ဆိုပြီး စိတ်အားထက်သန်စွာ ပြောလိုက်ပြီး ခဏအကြာတွင် သူ့အမူအရာက ပျက်သွားခဲ့သည်။
ရန်ချန်းက အရှက်မဲ့စွာပြောလိုက်သည်။ " ငါတို့ စတွဲထဲက အချစ်ကြီးတဲ့ ပုံစံ သရုပ်ဆောင်ခဲ့တာ"
“…?”
တနင်္ဂနွေရဲ့ နေရောင်ခြည်က စနေနေ့ကထက် ပိုပြင်းသည်။
ပြတင်းပေါက်က ထိုးဖောက်ဝင်ရောက်လာတဲ့ နေရောင် ခြည်က တိတ်ဆိတ်ငြိမ်သက်တဲ့ ဧည့်ခန်းထဲ ဖြာကျနေခဲ့သည်။ ဧည့်ခန်းထဲက သစ်သားကြမ်းခင်းကို အခြားအရောင်အဖြစ် ဆေးဆိုးထားပုံရသည်။
အဆုံးတွင် ဧည့်သည်များက ကျေနပ်စွာ စားသောက်ခဲ့ကြသည်။
ချန်ကျင်းယောင်က သူမရဲ့ဟင်းချက်ကျွမ်းကျင်မှုကို အမှန်တကယ် မကြွားခဲ့ပေ။ အရသာရှိတဲ့ အစားအသောက်တွေအကုန်လုံး စားပွဲ ပေါ်ရှိခဲ့သည်။ မြည်းစမ်းပြီးတာနဲ့ အားလုံးက အမှတ်ကောင်းကောင်းပေးခဲ့ကြသည်။ ဒီအတွက် ချန်ကျင်းယောင်က အပေါ်ယံ နှိမ့်ချစွာ ပြုမူခဲ့ပေမယ့် သူမရဲ့ နှုတ်ခမ်းတွေကို ကိုက် ကာဖုံးကွယ်ဖို့ ခက်ခဲခဲ့သည်။
ထမင်းစားပွဲမှ အန်းထိုက်က ချန်ကျင်းယောင်ရဲ့ မျက်နှာမှ တစ်စုံတစ်ခုကို မြင်လိုသည့်အတိုင်း ဂရုတစိုက်ကြည့်ရှုခဲ့သည်။ ချန်ကျင်းယောင်က အတော် ပွင့်ပွင့်လင်းလင်းရှိပြီး သူ့အရွယ်အစားကိုပင် အတက်အဆင်းလုပ်ခွင့်ပေးသည်။ အန်းထိုက်နဲ့ ယှဉ်ရင် ချိုင်ယွဲ့က နည်းနည်းတော့ ပွင့်ပွင့်လင်းလင်း ရှိတယ်။ သူတို့က "ချစ်လှစွာသော စုံတွဲများ" ဖြစ်ကြောင်း အတည်ပြုလိုပုံရသည်။
ဒါကြောင့် သူသည် အသုံးမဝင်တဲ့ မေးခွန်းတချို့ ဆက်မေးခဲ့သည်။ အပြစ်ကင်းစင်တဲ့ အဖြေတွေ ရရှိပြီးနောက်၊ သူက အံ့သြဖွယ်ကောင်းတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး ဘာမဟုတ်ကြောင်း ပြောဆိုကာ ချန်ကျင်းယောင်ကို ချီးကျူးခဲ့သည်။ ထိုအတောအတွင်း သူက ရန်းချန်ကို တုံ့ပြန်ခြင်းရှိ၊ မရှိသိလိုသည်။ အဆုံးတွင် ချန်ကျင်းယောင်က ချီးကျူးစကားကို အလွန်သဘောကျသွားသည်။ ရန်းချန် ကတော့ "အရသာရှိတယ်" လို့ ပြောပြီး ပြုံးလိုက်သည်။
YOU ARE READING
အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)
RomanceTitle - Married to the protagonist Type - Web novel (CN) Genre - Comedy Drama Fantasy Romance Slice of Life Tags - Arranged Marriage Arrogant Characters Beautiful Female Lead Bickering Couple Calm Protagonist Clingy Lover Couple Growth Cute Protago...