Part2

3.1K 300 11
                                    

"ရှိန်း ဟိုမှာမင့်ဘဲကြီးမလား"

"ဟယ် ရှိန်း နင်ဘဲရ​နေပြီလား၊ငါတို့​တောင်မ​ပြောဘူး​နော် နင်"

"​အေး​လေ လျှိူထားတယ်​​ပေါ့၊ဘယ်တစ်​ယောက်လဲထက်​အောင် ငါတို့ကိုပြ"

"ဟာ နင်တို့ကလဲ တစ်​ယောက်တစ်​ပေါက်​တွေနဲ့၊ငါ့မှာ ဘာဘဲမှမရှိဘူး
ထက်​အောင် မင်း ​လျှောက်မ​မွှေနဲ့"

ဆက်ရက်အုပ်ကိုလှန့်လိုက်သလို ကျွတ်ကျွတ်ညံ​အောင် တစ်​ယောက်တစ်​ပေါက် ဝိုင်း​အော်​နေကြတဲ့ သူငယ်ချင်းမတစ်အုပ်ကို တားရင်း ထက်​အောင်ညွှန်ပြရာကိုကြည့်ဖို့လည်း သူမ​မေ့။
ဂိုးသဲက​ဖေး(Gothe Cafe)ရဲ့အပြင်ဘက်ဝိုင်းမှာ လူဖြူမိတ်​ဆွေနှစ်​ယောက်နဲ့ ထိုင်​ပြီး စကား​ပြော​နေသူက သူ့ကို​တော့မြင်ပုံမရ။

လက်ပိုက်အ​နေအထားနဲ့ ခပ်​လျော့​လျော့ထိုင်​ပြီး ရယ်​လျက်စကား​ပြော​နေသူကို ​ငေးမိသွား​ပေမဲ့ ​မ​ကျေနပ်စိတ်နဲ့အတူ မျက်​စောင်းထိုးရင်း အကြည့်ပြန်လွှဲမိသည်။ဟုတ်သည်၊အဲ့လူကြီးကို ရှိန်းမ​ကျေနပ်ပါ။ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်၊သူ့ကို​နေ့တိုင်းမ​တွေ့ရရင်​သေ​တော့မယ်​တွေ ဖြစ်ပြ​နေပြီးမှ သူ့​ရှေ့က​​နေ​ပျောက်သွားတာ ၅ရက်​တောင်ရှိ​နေပြီ။ခရီးသွား​နေတာများလားလို့ ​တွေးမိ​ပေမဲ့ ခုလိုကြီး ရန်ကုန်မြို့မှာတင် ဘွားခနဲကြီး​တွေ့လိုက်ရ​တော့ အမြင်ကတ်စိတ်​တွေပဲဖြစ်လာ​တော့သည်။အသက်ကြီးပြီး စကားကို ​လျှောက်​လျှောက်​ပြောတဲ့လူကြီး။

​အုတ်​လှေကားထစ်​လေး​တွေကို သူတို့အဖွဲ့နင်းဖြတ်တက်လာသည်အထိ ထိုလူကြီးက သူတို့ဘက်ကိုလှည့်မကြည့်​သေး
စီးကရက်ကို လက်မှာခဲရင်း ကြား​နေကျ အင်္ဂလိပ်အသံမျိုးမဟုတ်တဲ့ ဂျာမန်စကားတချို့ကို အ​တော်နား​ထောင်​ကောင်းတဲ့ ​လေယူ​လေသိမ်းမျိုးနဲ့ ​ပြော​နေတာကို ကြားလိုက်ရသည်။
လက်​တွေ​ခေါက်ဝတ်ထားတဲ့ ရှပ်လက်ရှည်အဖြူစွတ်စွတ်ကို ဂျင်း​ဘောင်းဘီထဲထည့်ဝတ်ထားပြီး walking shoeစီးထားသူက ​မသိရင်ဆယ်​ကျော်သက်လူငယ်​လေးလိုပင်။​​ဘေးတ​စောင်းမြင်ရတဲ့အ​နေအထားမှာ​တောင် ဒီ​လောက်ပြည့်စုံ​နေတဲ့သူမှာ တွဲ​နေသူတဲ့သူမရှိဘူးဆိုတာ ယုံစရာကိုမရှိ။ဒီလူကြီး လူကိုတမင်လာကစား​နေတာပဲ ဖြစ်ရမည်။

ပင်လယ်​ပျော်၏ချစ်ပုံပြင်(Completed)Where stories live. Discover now