Part11(Extra)

2.3K 201 16
                                    

"ဦးခေတ်....ဦးခေတ်လို့..."

အိပ်ယာပေါ်မှာ မှောက်လျက်သားနဲ့ တုပ်တုပ်မှလှုပ်မလာတဲ့ ကျောပြင်ကြီးကို အမြင်ကတ်စွာနဲ့ ထုရိုက်ပစ်ချင်ပေမဲ့ ညကမှ လတ်လတ်ဆတ်ဆတ်ကုပ်ခံထားရတဲ့ လက်သည်းရာတွေကြောင့် လက်သီးကိုတင်းတင်းဆုပ်လို့သာ ရှိန်းတစ်ယောက် မကျေမနပ်ကြည့်နေမိသည်။

"ဦးခေတ် သူများခေါ်နေတာကို အဖက်မလုပ်ဘူးလား ပြော"

"အင်ဟင်...ကိုယ်အိပ်ချင်နေလို့ပါ ချာတိတ်ရယ်
ချာတိတ် ဘာလုပ်ချင်လို့လဲ"

"အပြင်သွားချင်ပါပြီဆို၊ မနေ့ကတည်းက ဦးခေတ်ကြောင့် အခန်းထဲတင်ပိတ်မိနေတာ၊
ဒီနေ့အပြင်ထွက်ချင်ပြီ၊ပင်လယ်ရေထဲ ဆင်းချင်နေပြီလို့"

"အင်းပါ ချာတိတ်ရာ...ကိုယ့်ကို နာရီဝက်လောက်ပဲ ထပ်အိပ်ခွင့်ပေး၊ ပြီးရင် လိုက်ပို့ပေးမယ်
ကိုယ် အိပ်ရေးမဝသေးလို့ပါ အသည်းလေးရယ်၊နော်"

မျက်လုံးတွေမပွင့်တပွင့်နဲ့ ချော့မော့ပြောရင်း ပြန်အိပ်သွားပြန်သည့် ဦးခေတ်
ညကကျ တစ်ညလုံးမအိပ်ဘဲ တက်ကြွနေတာ ဘီလူးစီးနေသလိုပဲ၊သူပဲတက်ကြွ၊သူပဲပင်ပန်းပြနေတာများ အဲ့လူကြီးက တကယ်ကိုမုန်းစရာကြီး။

လက်ထပ်ပြီး၁လအကြာမှာ ဟန်နီးမွန်းခရီးစဉ်အဖြစ် ဥရောပဘက်ကိုထွက်လာခဲ့ကြတာဖြစ်ပြီး ဥရောပထဲမှာ တစ်နိုင်ငံပြီးတစ်နိုင်ငံကို နှံ့နေအောင် အေးဆေးလည်မည်မို့ အချိန်ဘယ်လောက်ကြာမယ်လို့ အတိအကျမပြောနိုင်သေး။
အခုလက်ရှိကတော့ စပိန်နိုင်ငံက ကျွန်းတစ်ခုကိုရောက်နေတာဖြစ်ပြီး မနေ့ကညနေ ဒီကိုရောက်ကတည်းက အချစ်ပွဲတွေဆင်နွှဲနေခဲ့တာမို့ အပြင်ကိုထွက်မလည်ရသေး။
ဦးခေတ်ကတော့ ရောက်ဖူးလည်ဖူးပြီးသား နေရာတွေမို့ သိပ်ထူးဆန်းမနေတော့ပေမဲ့ ပထမဆုံးအကြိမ်ရောက်ဖူးတဲ့ ရှိန်းကတော့ ဒီလိုကြီးမနေဘဲ အပြင်လျှောက်သွားလျှောက်ကြည့်ချင်မိသည်လေ။
ဒါကိုပဲ အဲ့လူကြီးက နာရီဝက်လောက်၊၄၅မိနစ်လောက်နဲ့ အချိန်ဆွဲလို့ကိုမပြီးတော့။ဘဲကြီးတွေများ မယူခင်ကတော့ ဖူးဖူးမှုတ်ပြီး ရှယ်ပလန်နဲ့ကို အလိုလိုက်တာ၊အပိုင်လည်းရပြီးရော လူကို ပစ်ထားချင်နေတော့တာပါပဲ။

ပင်လယ်​ပျော်၏ချစ်ပုံပြင်(Completed)Where stories live. Discover now