Part13(Extra3)

1.8K 171 0
                                    

လချီကြာတဲ့ Honey moonခရီးရှည်ကြီးပြီးတဲ့နောက် အချစ်ငှက်နှစ်ကောင်ဟာ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလို့လာခဲ့သည်။
ဥရောပမှာ အကြိုက်လည်ခဲ့တဲ့ရှိန်းက လူကရန်ကုန်ကိုပြန်ရောက်သည်အထိ စိတ်တွေက ဥရောပမှာ ကျန်နေခဲ့တုန်း။
သူ့ကိုဆူမဲ့လူလည်းမရှိဘဲ အလိုလိုက်သောခင်ပွန်းနှင့်အတူ ကဲချင်တိုင်းကဲရသည်ကို အင်မတန်ပင် သဘောတွေ့နေခဲ့တာဖြစ်၏။ဒါကြောင့်ပဲ မင်းခေတ်ကလည်း တစ်နှစ်တစ်ခါ ရှိန်းသွားချင်တဲ့နိုင်ငံတွေကို ရက်ရှည်ခရီးလိုက်ပို့မယ်လို့ ကတိပေးခဲ့လေရဲ့။

လက်ထပ်ပြီးတစ်နှစ်အကြာ...

မင်းခေတ်ကတော့ သူ့ပရော်ဖက်ရှင်နယ်ဖြစ်တဲ့ သင်္ဘောသားဆိုင်ရာလုပ်ငန်းတွေအပြင် သူစိတ်ဝင်စားသည့် အိမ်ခြံမြေစျေးကွက်ကိုပါ ခြေလှမ်းဆန့်လို့ စီးပွားရေးတွေတိုးချဲ့ထားခဲ့သည်။သို့သော်လည်း သူဟာ တစ်နေရာတည်းမှာ အမြဲခြေချုပ်မိမဲ့အလုပ်မျိုးကိုတော့ လုံးဝမလုပ်။သူ့ဘဝကြီးကို ကျေကျေနပ်နပ်ကြီး ခြေချုပ်အမိခံလိုက်တာဆိုလို့ ရှိန်းနဲ့အိမ်ထောင်ပြုခြင်းတစ်ခုသာ ရှိပါသည်။

ရှိန်းကတော့ IT technicanအဖြစ် အသက်မမွေးဘဲ သူဝါသနာပါရာ ပုံတွေဆွဲရင်း digital artistအဖြစ် လုပ်ကိုင်လျက်ရှိသည်။ဒါတင်မကသေး စိတ်ကူးပေါက်ရင် crochetတွေထိုးပြီး handmadeတွေရောင်းတာမျိုးပါ ထ'ထလုပ်တတ်သေး၏။
ဒါပေမဲ့ မင်းခေတ်ကတော့ ရှိန်းကို ထိုသို့လုပ်နေတာထက် ဘာမှမလုပ်ဘဲနေတာကို ပိုသဘောကျသည်။အကြောင်းမှာ အရစ်သန်တဲ့clientတွေနဲ့တွေ့တိုင်း သူချည်း အမဲခံရသောကြောင့်ပင်။

အခုလည်း မင်းခေတ်တစ်ယောက် နှစ်ယောက်အတူနေတဲ့ ကွန်ဒိုရဲ့ဝရံတာမှာ ဖုန်းသုံးနေရင်း အထဲကအသံကိုလည်း နားတစွင့်စွင့်လုပ်နေရသည်။
သူငယ်ချင်းတွေနဲ့ ဖုန်းပြောနေသံလည်းကြားသလို၊အခန်းတံခါးကိုလည်း ဝုန်းဒိုင်းလုပ်၊ပစ္စည်းတွေကိုလည်း ဆောင့်ချလုပ်နေသော ချာတိတ်တစ်ယောက် အခြေအနေမကောင်းတော့ဘူးဆိုတာ သိနေသောကြောင့်ပင်။ ပြသနာက ဘယ်အချိန်ကိုယ့်ဆီရောက်လာမလဲလို့ တွေးနေစဉ်မှာပဲ ဒုန်းခနဲပွင့်သွားသော တံခါးနဲ့အတူ မှုန်ကုပ်နေသောကောင်လေးက လူရှေ့ရောက်လာလျက်...

You've reached the end of published parts.

⏰ Last updated: Jun 30 ⏰

Add this story to your Library to get notified about new parts!

ပင်လယ်​ပျော်၏ချစ်ပုံပြင်(Completed)Where stories live. Discover now