Part8

2.7K 239 18
                                    

အချိန်​​တွေတဖြည်းဖြည်း ကုန်ဆုံးလာ​ပေမဲ့ နှစ်​ယောက်ကြားက အချစ်​တွေ၊သံ​ယောဇဉ်​တွေက​တော့ တိုးသထက်တိုးလာကြသည်။
​ရည်းစားဖြစ်ပြီး ၆လအကြာမှာ ရှိန်းက ဖေကြီးနဲ့​မေကြီးကို ဖွင့်​ပြောခဲ့သလို ဦး​ခေတ်ကိုလည်း တရားဝင်မိတ်ဆက်​ပေးခဲ့သည်။
ဦး​ခေတ်ကလည်း ရှိန်းကို မိဘ​တွေနဲ့မိတ်ဆက်​ပေးခဲ့ပြီး ရှိန်းက​တော့ ​ယောက္ခမ​​လောင်း​တွေရဲ့ အသည်း​ကျော်​​လေးပါ ဖြစ်ခွင့်ရသည်။
ဦး​ခေတ်ရဲ့ကွန်ဒိုအခန်းက​တော့ ရှိန်းတို့သူငယ်ချင်းအုပ်စုရဲ့ နိဗ္ဗာန်ဘုံဖြစ်ပြီး စာ​ကျက်၊ဂိမ်း​ဆော့၊ပန်းချီဆွဲ စ​သောကိစ္စအဝဝတိုင်းကို ထို​နေရာမှာပဲ လုပ်ဖြစ်ကြသည်။
တစ်ခါတ​လေ​​​တော့ ရှိန်းနဲ့ဦး​ခေတ်ရဲ့ နှစ်​ယောက်တည်းကမ္ဘာ​လေးလည်း ဖြစ်ပြန်​သေးသည်။

အားလုံးက အဆင်​ပြေ​ပြေနဲ့ ​ပျော်​ပျော်ရွှင်ရွှင်ရှိ​နေရ​ပေမဲ့ ဦး​ခေတ် သင်္ဘောပြန်တက်ရဖို့က လပိုင်းသာလို​တော့တာကို ​တွေးမိရင်​တော့ ရှိန်းမ​ပျော်နိုင်ပါ။
ဦး​ခေတ်က လူကြီးပီပီ ၁နှစ်ကခဏ​လေးနဲ့ကုန်မှာ ချာတိတ်ရယ်ဘာညာနဲ့ နှစ်သိမ့်​ပေး​ပေမဲ့ ရှိန်းက​တော့ လူငယ်ပီပီ ခံစားချက်​တွေကိုထုတ်ပြရင်း ရစ်ထုပ်​လေးလုပ်တာပဲဖြစ်၏။
ပိုဆိုးတာက​တော့ ဦး​ခေတ်ရဲ့ သူငယ်ချင်းနှစ်​ယောက်ဖြစ်တဲ့ ဦးတည်ကြည်နန္ဒနဲ့ဦးမျိုး​ဇော်​ကြောင့်ပါပဲ။သူတို့​​တွေဆုံကြချိန်မှာ
'​ကောင်​လေး မင်းကမသိလို့၊ဒီ​ကောင်က ကမ္ဘာပတ်ပြီး ဖွန်​ကြောင်တာ​နော်၊ဆိပ်ကမ်းကပ်တဲ့ မြို့တိုင်းမှာ လူပျိုလှည့်တာ၊အဖြူမ​လေး​တွေနဲ့ဒိတ်တာ"ဆိုပြီး ​အောက်ဖဲလှန်​​ချောက်တွန်းတဲ့အခါမှာ​တော့ ရှိန်းရဲ့အူတိုစိတ်​​လေးက ပိုလို့ဆိုးရ​တော့သည်။
ထိုနှစ်​ယောက်ကိုဆဲဆိုရင်း "အဲဒါ ဟိုးအရင်ကကိစ္စ​တွေပါ၊ကိုယ်လိမ္မာ​နေတာ ကြာလှပါပြီ ချာတိတ်ရဲ့"ဆိုပြီး ဦး​ခေတ်က ပြာပြာသလဲ​တွေ ​​​ချော့​ပေမဲ့ ရှိန်းက​တော့ ထိုကိစ္စနဲ့ပတ်သက်ပြီး အားတိုင်း​ရစ်လိုက်​ကောက်လိုက်နဲ့ အားရစ်​ကောက်ဘွဲ့ကို ခံယူထားဆဲပင်ဖြစ်သည်။

အခုလည်း ထိုလူကြီးကို ​ကောက်​နေပြီး ထိုလူကြီး ​သွေးတက်မဲ့ကိစ္စ​တစ်ခုကို ရှိန်းလုပ်​​နေခြင်းပင်ဖြစ်သည်။
​ကောက်တာကလည်း တခြားမဟုတ်၊ထိုလူကြီးရဲ့ အိမ်က အခန်းကိုလိုက်​မွှေရင်း အဖြူမ​တွေနဲ့ ​ပွေ့ဖက်ပြီးရိုက်ထားတဲ့ ဓါတ်ပုံတစ်ထပ်ကို စာအုပ်စင်ကြားက​နေ ရှိန်းတွ့လိုက်တာကစသည်။
သင်္ဘောစတက်ခါစအရွယ်ကပုံ​တွေဖြစ်ပြီး ဒီပုံ​တွေ ရှိ​နေ​​သေးမှန်း​တောင်မသိတဲ့လူကြီးက​တော့  အ​တော်ကို ပြူးပြာပြီး ​ချော့​လိုက်၊ရှင်းပြလိုက်​တွေ လုပ်တာပါပဲ။
ကြာခဲ့ပြီဆိုတာသိ​ပေမဲ့ ရှိန်းကလည်း ​​ကောက်တာပါပဲ။​ကောက်ရုံတင်မက ​ယောက္ခမ​လောင်းကိုပါ ​မေ​မေ​ရေးလို့ ​အော်​ခေါ်ပြီး ဓါတ်ပုံ​တွေပြကာ တိုင်လိုက်​သေးတာမို့ ဦး​ခေတ်တစ်​ယောက် ​အဆူခံရပြန်​သေးသည်။
အဆူခံ၊အ​ငေါက်ခံ၊အရစ်ခံ၊အ​ကောက်ခံရလွန်းတဲ့ ဦး​ခေတ်က​တော့ ကြာရင် ဘုန်းကြီးဝတ်သွား​တော့မလားပင်မသိ။

ပင်လယ်​ပျော်၏ချစ်ပုံပြင်(Completed)Where stories live. Discover now