Part7

2.8K 241 13
                                    

ရှိန်းနိုးလာ​တော့ သူ့ရဲ့ခန္ဓာကိုယ်​သေး​သေး​လေးက ဦး​ခေတ်ရဲ့ရင်ခွင်ထဲမှာ နစ်မြှုပ်​နွေး​ထွေး​နေတာကို ခံစားမိလိုက်သည်။
မျက်လုံး​တွေကို ခပ်​ဖြည်းဖြည်းဖွင့်ကြည့်​တော့ မုတ်ဆိတ်​​မွေးနဲ့ပါးသိုင်း​မွေးခပ်​ရေး​ရေးထွက်​နေသည့် ​​​​စွဲ​​ဆောင်မှုရှိတဲ့​မေးရိုးက ရှိန်းနဖူးနားမှာ​နေရာယူ​နေသည်။ကြယ်သီးတချို့ဖြုတ်ထားသည့် ရင်ဘတ်မှာလည်း အ​မွေးအမျှင်တချို့နဲ့ စိမ်းမြ​နေကာ စိတ်ထက်အရင်ဦးသည့်လက်​တွေက ထိုရင်ဘတ်​တွေကိုကိုင်ကြည့်ပြီး ပွတ်သပ်​နေမိသည်။

တွဲဖြစ်တာမကြာ​​သေး​ပေမဲ့ ဦး​ခေတ်က ရှိန်းရဲ့စိတ်ကို ​တော်​တော်ခြယ်လှယ်လွှမ်းမိုးနိုင်သည်။ပိုပိုသာသာ​ပြောရရင်​တော့ ဒီလူကြီး​ရှေ့​ရောက်ရင် အလိုလိုဒူး​ထောက်ချင်​မိတဲ့ ခံစားချက်မျိုးရသည်အထိပင်။
အချစ်ခံရတာကိုကြိုက်သူမို့ ချစ်​ပေးတတ်လွန်းသည့်ဦး​ခေတ်က ရှိန်းရင်ထဲမှာ ​နေရာအပြည့်ယူလာနိုင်တာမျိုးလည်း ဖြစ်လိမ့်မည်။

​မေးရိုးတစ်​လျှောက် ငှက်​မွေးနဲ့တို့ထိခံရသလို ခံစားချက်​ကြောင့် မင်း​ခေတ်အိပ်​မှုန်စုံဝါးနဲ့ မျက်လုံးဖွင့်ကြည့်မိ​တော့ ရင်ခွင်ထဲက​နေ မျက်နှာ​လေး​မော့ပြီး လူကိုနမ်းချင်တိုင်းနမ်း​နေသည့် ချာတိတ်ကို နှစ်လိုဖွယ်​ကောင်းစွာ မြင်လိုက်ရတာမို့ သ​ဘောတကျရယ်မိသွားရသည်။

"အဟွန်း အနမ်းသူခိုးလုပ်​နေတာပဲကွ"

"အံမယ် အနမ်းသူခိုးလုပ်စရာလား၊ရှိန်းပိုင်တဲ့လူကြီးကို ရှိန်း'နမ်းတာ ​​ပေါ်တင်ပဲ​နော် သိလား"

"အား ​မနက်​စော​စော လူကိုလာ​ခြွေ​နေပြန်ပြီကွာ၊​ကြွေရလွန်းလို့ ထပ်​ကြွေစရာ​တောင် မရှိ​လောက်​တော့ဘူး ချာတိတ်ရဲ့၊သိရဲ့လား"

"မသိဘူး၊​ဘာဖြစ်ဖြစ် ​ကြွေရမှာပဲ"

"အဟွန်း ​ကြွေပါတယ်ဗျာ၊​ကြွေပါတယ်
အ​စောကြီးနိုး​နေတာလား ချာတိတ်က၊ခုမှ ၆နာရီ​ကျော်ပဲရှိ​သေးတယ်"

"အဲ့မျက်လုံး​တွေက အကျင့်မှမ​ကောင်းတာ၊တနင်္ဂ​နွေဆိုရင် အလိုလိုပွင့်လာပြီး ပြန်မှိတ်မရဘဲ ပြူး​​နေ​ရော
​တော်ပါ​သေးရဲ့၊ဒီ​နေ့ အကျင့်ပုပ်ပြီး နှိုးစရာလူက ​ဘေးမှာရှိ​​နေလို့ ဟိ"

ပင်လယ်​ပျော်၏ချစ်ပုံပြင်(Completed)Where stories live. Discover now