"မင်းတို့နှစ်ကောင်လုံး နွားအိုမြက်နုကြိုက်တွေပဲကွ၊တကယ့် နုနုထွတ်ထွတ် လှလှပပလေးတွေချည်း အရယူထားကြတာပဲ"
သူငယ်ချင်း၃ယောက်ဆုံကြတုန်း မျိုးဇော်ရဲ့စကားကြောင့် တည်ကြည်နဲ့သူ ရယ်မိသွားရသည်။
အကြောင်းစုံကို ဖုန်းကနေတဆင့် အရိပ်အမြွက်ပဲ ပြောထားပြီး ဒီနေ့လူချင်းတွေ့မှ ထပ်ပြောပြတဲ့အခါ မျိုးဇော်ကတော့ အံဩတယ်ဘာညာပြောပေမဲ့ တည်ကြည်ကတော့ မအံ့ဩဘူးဆိုတဲ့ မျက်နှာပေးနဲ့ ခပ်ရွဲ့ရွဲ့ကြည့်သည်။
"တည်ကြည် မင်း ဒီကောင်ကို တစ်ချက်လောက်နားရင်းပိတ်အုပ်သင့်တယ်၊မင်းကို ယောက်ဖခေါ်နေပြီး ဟိုကောင်လေးနောက်ပါသွားတာ"
"ဒီကောင် ငါ့ကိုသာယောက်ဖခေါ်နေတာ၊ငါ့ညီမကို ကြိုက်ရကောင်းမှန်းတောင်မသိတာ ငါသိပြီးသား"
"ဟား...အေး အဲဒါတော့ တကယ်ကွ၊ရည်မွန့်ကို ညီမလေးလိုပဲ ချစ်လို့ရတယ်၊
တခြားစိတ်တော့ တကယ်ထားမရခဲ့ဘူး"
"ပြီးတော့ မင်းကမသိလို့ မျိုးဇော်ရ၊ပြသနာတွေဖြစ်ကြတော့ ငါ စိတ်လိုက်မာန်ပါနဲ့ ဟိုကောင်လေးကို ထိုးမယ်လုပ်တော့ ဒီကောင် အသည်းအသန်ကို တားတာ၊ကာဆီးကာဆီးနဲ့
နောက် ငါ့ကိုအမှန်တိုင်းသိအောင်လုပ်ပေးမယ်ဆိုပြီး အဲ့ကောင်လေးနောက် တကောက်ကောက်လိုက်ရင်း သူကြိုက်သွားတော့တာပဲ
ငါကတောင် ဖူးစာရေးနတ်ဖြစ်သွားလားမသိဘူး သူတို့ကြား"
"ဟားဟား ဟုတ်တယ်၊မင်းက ချာတိတ်နဲ့ငါ့ကြား တကယ်ဖူးစာရေးနတ်ပဲ၊
မင်းထိုးမို့လုပ်တုန်းက တားတာကတော့ မင်းနဲ့သူနဲ့က ဆင်နဲ့ဆိတ်လောက်လေ၊ဟိုကလေးအင်္ကျီစကို ဆွဲဆုပ်ထားတာ ခြေထောက်တွေပါ မြောက်တက်တော့မယ်
မြင်ရတာ ဘယ်လိုမှအင်အားချင်းမမျှလို့တားရတာ၊မင်းက မွှန်နေတော့ ဘာမှမြင်တာမဟုတ်ဘူး"
"မင်းတို့ကောင်တွေနော် စံပဲ၊အသက်တွေ၃၀ကျော်မှ ဆယ်နှစ်ကျော်ငယ်တာလေးတွေနဲ့ကြိုက်ပြီး ဖြစ်ပျက်နေကြတာ"
"ငါတို့က ချစ်တတ်တာကွ၊ချစ်တတ်တာ
မင်းသာ ဆေးရုံမှာပျော်ပြီး လူပျိုကြီးဖြစ်တော့မှာ"
ВЫ ЧИТАЕТЕ
ပင်လယ်ပျော်၏ချစ်ပုံပြင်(Completed)
Любовные романыA love story between the Seaman and teenage boy -ministory-
