Part10

4.5K 325 25
                                    

တစ်နှစ်ဆိုတဲ့အချိန်ဟာ တ​ရွေ့​ရွေ့နဲ့ကုန်သွားခဲ့တာဟာ ဘယ်​လောက်မှမကြာ​လိုက်သလိုပင်။
ဒီအ​တောအတွင်း အွန်လိုင်းက​နေပဲ ရန်​တွေဖြစ်လိုက်၊စိတ်​တွေ​ကောက်လိုက်၊ဂျီကျလိုက်နဲ့ပဲ တစ်နှစ်သည် ပြီးသွားခဲ့ရတာဖြစ်သည်။
စာ​မေးပွဲနီးချိန်ကဆို ပိုဆိုးသည်။စာလုပ်ရ​လေ၊ထိုလူကြီးကိုရစ်​လေနဲ့ ဦး​ခေတ်ဟာ သူ့ရဲ့ဆိုး​ပေမှုဒဏ်ကို သူထင်ထားတာထက်ပင် ပိုလို့ခံနိုင်တာကို ​မယုံနိုင်ဖွယ်သိခဲ့ရသည်။
သူငယ်ချင်း​တွေဆိုရင် သူ့ဘက်ကမပါ​တော့ဘဲ ဦး​ခေတ်ဘက်က​နေ ရန်​တွေ့ကြသလို၊အိမ်က​မေကြီးနဲ့အစ်မ​တွေကအစ 'အငယ်​လေး တအားမဆိုးစမ်းနဲ့၊ဟိုက ပင်လယ်ထဲမှာ သက်စွန့်ဆံဖျားသွား​နေရတာ၊စိတ်ရှုပ်​အောင်မလုပ်ပါနဲ့"ဆိုပြီး ဝိုင်း​ပြောကြသည်အထိပင်။

ချစ်မှန်းသိလို့ ​ပေ​ပေ​တေ​တေလူဆိုး​လေးလုပ်ခဲ့​ပေမဲ့ ရှိန်းတစ်​ယောက် ​သောက​ပွေရတဲ့အချိန်လည်း ရှိ​သေးသည်။အဲဒါက​တော့ ဦး​ခေတ်တို့သင်္ဘော ပစိဖိတ်သမုဒ္ဒရာ​ကြောမှာ သွား​နေစဉ် ပင်လယ်ထဲမှာ မုန်တိုင်းဝင်တဲ့အချိန်ဖြစ်သည်။
အဆက်အသွယ်​တွေပါ ပြတ်​တောက်ကုန်တဲ့ ထိုတစ်ပတ်မျှအချိန်က ရှိန်းအတွက် ငရဲလိုပင်၊မျက်ရည်နဲ့မျက်ခွက်ဖြစ်​နေရသလို သက်သတ်လွတ်​တွေစား၊အဓိဌာန်​တွေဝင်၊အွန်လိုင်း​ပေါ်က tarot pageမှန်သမျှမှာ tarotလိုက်​မေးနဲ့ ဦး​ခေတ်​မေ​မေကိုယ်တိုင်ကပင် ရှိန်းကိုပြန်နှစ်သိမ့်​ပေး၊ဒါမျိုးက ကြုံတတ်​ကြောင်း၊တစ်ခါတ​လေ ၁လ​ကျော်ကြာ​တောင် အဆက်အသွယ်မရ​ကြောင်း​တွေ​​ပြောပြရသည်အထိ ရှိန်းတို့​​သောက​ပွေခဲ့ရတာပင်။

အဆက်အသွယ်ပြန်ရတဲ့အချိန်ကဆို video call​ပြောရင်း ရှိန်းတစ်​ယောက်ငိုတာ တစ်ဖက်ကဦး​ခေတ်တို့Captain ဂျာမနီကြီးကပါ 'ငါ့တပည့်ကို ငါကိုယ်တိုင် ပြန်ပို့​ပေးပါ့မယ်၊စိတ်ချလက်ချ​နေပါ'လို့ ဝင်နှစ်သိမ့်ရသည်အထိပင်။
ဦး​ခေတ်က​တော့ သူ့ထုံးစံအတိုင်း အပြုံး​တွေနဲ့နှစ်သိမ့်ရင်း ပြန်လာမှ အတိုးချပြီး​ချော့ပါမယ်လို့ပါ ကတိ​တွေအထပ်ထပ်​ပေး​သေးသည်။
ထိုကဲ့သို့ကြန့်ကြာမှု​တွေ​ကြောင့်ပဲ တစ်နှစ်ပြည့်တာ​တောင် ဦး​ခေတ်ပြန်မလာနိုင်ဘဲ၊လအနည်းငယ်စွန်းသွား​သေးသည်။

ပင်လယ်​ပျော်၏ချစ်ပုံပြင်(Completed)Where stories live. Discover now