Part9

2.6K 249 19
                                    

ဒီလိုနဲ့ပဲ မင်း​ခေတ်သင်္ဘောတက်ရမဲ့ရက်က ​ရောက်လို့လာ​လေပြီ။
ချာတိတ်က​တော့ ဒီလ​တွေမှာ သူစိတ်ဆိုးစိတ်​​ကောက်ရင်း အချိန်​တွေကုန်ခဲ့မိတာ၊အတူရှိရမဲ့အချိန်​တွေကို ဖြုန်းတီးသလိုဖြစ်သွားရတာဆိုပြီး ဝမ်းနည်းလိုက်၊လူနားကပ်ချွဲလိုက်နဲ့ ​ကြောင်​ပေါက်​လေးလို တအီအီနဲ့ ရှိ​နေခဲ့ရင်းက ဒီ​နေ့ ​လေဆိပ်လိုက်ပို့တဲ့အချိန်မှာ​တော့ မျက်ရည်​လေးတစမ်းစမ်းပင် ဖြစ်​နေရှာ​တော့ မင်း​ခေတ်လည်း စိတ်မ​ကောင်းနိုင်။
သင်္ဘောသားဘဝ ဘယ်​လောက်ပဲပင်ပန်းခက်ခဲတယ်​ပြော​ပြော ပထမဆုံးသင်္ဘောစလိုက်ခဲ့စဉ်က​တောင် သူဟာ ညည်းညူခြင်းမရှိ၊​ပျော်​ပျော်ပါးပါးကြီးကမ္ဘာပတ်ခဲ့​သလို၊၃၊၄နှစ်​လောက်​နေမှတစ်ခါအိမ်ပြန်လာဖို့​တောင် အိမ်ကလူကြီး​တွေ အတင်းပြန်​ခေါ်ရတာ​မျိုးဆို​ပေမဲ့ ဒီ​နှောင်ကြိုး​လေးတစ်မျှင်ကျမှ အခက်​တွေ့​နေရပုံများ၊သွားဖို့​တောင် စိတ်မ​ကောင်း၊စိတ်မပါနိုင်ဖြစ်ရသည်အထိပါပဲ။

"တစ်နှစ်ပဲ​လေ ချာတိတ်ရဲ့၊ပြီးရင် ကိုယ်ပြန်လာမှာ​လေ၊ပြီး​တော့ ​အားတဲ့အချိန်ဆိုလည်း စာပို့မယ်၊ဖုန်းလည်း​ခေါ်မယ်၊video callနဲ့လည်း ကိုယ်တို့​တွေ့ကြမယ်​လေ ​နော်"

"​​မေ​မေက​ပြောတယ်၊ဦး​ခေတ်က တစ်နှစ်ဆိုပြီး ပြီးရင်​တော်​တော်နဲ့ ပြန်မလာဘူးတဲ့
ဒီတစ်​ခေါက်လည်း ပြန်မလာဘဲ ​နောက်တစ်​ခေါက်ထပ်လိုက်သွားရင် ဘယ်လိုလုပ်မလဲ"

"လုပ်စရာလား ချာတိတ်ရယ်၊အရင်ကပြန်မလာဘူးဆိုတာက ကိုယ့်မှာ ဒီ​နှောင်ကြိုး​လေးမှမရှိတာ
အခု ဒါ​​လေးရှိ​​နေပြီပဲ၊ပြန်လာမှာ​ပေါ့
ကဲပါ မျက်ရည်​တွေကမကျ​တော့နဲ့၊ကိုယ်ကပြီးရင် check inဝင်ရ​တော့မှာ
ချာတိတ်ကငို​နေရင် ကိုယ်ကသွားဖို့ကို စိတ်မ​ဖြောင့်၊စိတ်မ​ကောင်းဖြစ်​နေရမှာ​ပေါ့
​နော် ချာတိတ်ကလိမ္မာပါတယ်၊မငိုနဲ့​နော်
သူငယ်ချင်း​တွေနဲ့ ​ပျော်​ပျော်​နေ၊ကွန်ဒိုမှာစုပြီး စာကျက်တာ​ရော၊ကစားတာ​ရော၊​ပျော်ပါးတာ​ရော လုပ်ချင်တာလုပ်ကြ ဟုတ်ပလား
ကိုယ်ပြန်လာမှာကို ​ပျော်​ပျော်ရွှင်ရွှင်နဲ့​စောင့်​နေ ​နော် ချာတိတ်"

ပင်လယ်​ပျော်၏ချစ်ပုံပြင်(Completed)Where stories live. Discover now