Part12(Extra2)

1.6K 149 2
                                    


"ဦးခေတ် ဒီကိုကြည့်"

ရေချိုးခန်းထဲက ထွက်လာသူရဲ့ ရှက်ဝဲဝဲအသံကြောင့် tvဆီအာရုံရောက်နေတဲ့ အကြည့်တွေကို အသံလာရာလွှဲပြောင်းမိတော့ မြင်ရတဲ့မြင်ကွင်းက သွေးတက်ချင်စရာအတိ။

"ဟာ ချာတိတ်..."

"ဘာလို့လဲ ကြည့်ရဆိုးနေလို့လား၊မလှဘူးလား"

"ကြည့်ရကောင်းလွန်းလို့ ခက်နေတာလေ ချာတိတ်ရဲ့၊ ဘယ်တုန်းကဝယ်လိုက်တာလဲ ကိုယ်လဲမသိပါလား"

"ဦးခေတ်မသိအောင်ဝယ်ထားတာလေ၊ဘယ်လိုလုပ်သိရမလဲ အဟီး"

လက်ချောင်းသွယ်သွယ်တွေဖြင့် နှုတ်ခမ်းကိုအသာကာရင်း ချစ်ဖို့ကောင်းအောင် ရယ်ပြနေတဲ့ချာတိတ်လေး၊
ရယ်နေပုံကချစ်ဖို့ကောင်းပေမဲ့ မြင်နေရတဲ့ပုံစံကတော့ အရိုင်းဆန်လွန်းနေပြန်၏။
ပါးလွှသော ကြိုးတစ်လုံးဂါဝန်တိုလေးက ရင်ဘတ်နေရာမှာ တမင်ဖော်ထားပြီး အဓိကပွင့်ချပ်တစ်ဝိုက်ကိုသာ ဖဲကြိုးဖြင့်လှပစွာစည်းနှောင်ထားတာမျိုးပင်။
ပိန်သွယ်သော ချာတိတ်ရဲ့ခန္ဓာကိုယ်မှာ ထိုဝတ်စုံက လှပစွာရှိနေပြီး အရိုင်းဆန်သောအလှကိုလည်း မီးမောင်းထိုးပြနေသည်ဆိုတာ လျှံကျချင်လာသော နှာခေါင်းသွေးတို့ကသက်သေ။

အိပ်ယာဝင်ချိန်တွေမှာ အသစ်အဆန်းတွေကို တက်ညီလက်ညီဖန်တီးတတ်ကြတဲ့ နှစ်ယောက်မို့ အခုအဝတ်အစားက ပုံမှန်အားဖြင့်တော့ ပြသနာမရှိ။
ဒါပေမဲ့ အခုလိုပါတီသွားရမဲ့အချိန်မှာတော့ ကိစ္စကအတော်ရှိသွားပြီ။

"နေပါဦး ချာတိတ်ရဲ့၊ ဒီဝတ်စုံက အခုအစမ်းဝတ်ကြည့်တာလား၊ပါတီသွားမို့လား"

"အွန် ဦးခေတ်ကလည်း ပါတီသွားမလို့ပေါ့"

"ဟာ...ချာတိတ်ကလည်း အဓိပ္ပါယ်မရှိတာ၊ ဒီဝတ်စုံက အရမ်းပါးပြီးထင်းလွန်းနေတာလေ
အပြင်ကိုဝတ်ဖို့ ကိုယ်ခွင့်မပြုပါဘူး"

ဦးခေတ်က ဒီလိုပိတ်ပင်လေ့မရှိတာမို့ ဒီဝတ်စုံအလှလေးကို ရွေးလိုက်ပါမှ ပိတ်ပင်လာသူကြောင့် ရှိန်းတစ်ယောက် မျက်မှောင်လေးတွေကြုံ့လို့ နှုတ်ခမ်းစူမိသွားရ၏။
ကမ်းခြေမှာလုပ်မဲ့ ဂေးပါတီဖြစ်ပြီး femboyလေးတွေရဲ့ nightdressနဲ့ အလှကိုယ်စီကို အပြိုင်မြင်ရမဲ့ပါတီမျိုး၊
ဒီလိုနေရာမှာ ဒီလောက်တော့ဝတ်ရမှာကို ဦးခေတ်က ခုမှဘာတွေတိုနေပြန်ပြီလဲမသိတော့။

ပင်လယ်​ပျော်၏ချစ်ပုံပြင်(Completed)Where stories live. Discover now