ဒီလိုနဲ့ပဲ မင်းခေတ်သင်္ဘောတက်ရမဲ့ရက်က ရောက်လို့လာလေပြီ။
ချာတိတ်ကတော့ ဒီလတွေမှာ သူစိတ်ဆိုးစိတ်ကောက်ရင်း အချိန်တွေကုန်ခဲ့မိတာ၊အတူရှိရမဲ့အချိန်တွေကို ဖြုန်းတီးသလိုဖြစ်သွားရတာဆိုပြီး ဝမ်းနည်းလိုက်၊လူနားကပ်ချွဲလိုက်နဲ့ ကြောင်ပေါက်လေးလို တအီအီနဲ့ ရှိနေခဲ့ရင်းက ဒီနေ့ လေဆိပ်လိုက်ပို့တဲ့အချိန်မှာတော့ မျက်ရည်လေးတစမ်းစမ်းပင် ဖြစ်နေရှာတော့ မင်းခေတ်လည်း စိတ်မကောင်းနိုင်။
သင်္ဘောသားဘဝ ဘယ်လောက်ပဲပင်ပန်းခက်ခဲတယ်ပြောပြော ပထမဆုံးသင်္ဘောစလိုက်ခဲ့စဉ်ကတောင် သူဟာ ညည်းညူခြင်းမရှိ၊ပျော်ပျော်ပါးပါးကြီးကမ္ဘာပတ်ခဲ့သလို၊၃၊၄နှစ်လောက်နေမှတစ်ခါအိမ်ပြန်လာဖို့တောင် အိမ်ကလူကြီးတွေ အတင်းပြန်ခေါ်ရတာမျိုးဆိုပေမဲ့ ဒီနှောင်ကြိုးလေးတစ်မျှင်ကျမှ အခက်တွေ့နေရပုံများ၊သွားဖို့တောင် စိတ်မကောင်း၊စိတ်မပါနိုင်ဖြစ်ရသည်အထိပါပဲ။
"တစ်နှစ်ပဲလေ ချာတိတ်ရဲ့၊ပြီးရင် ကိုယ်ပြန်လာမှာလေ၊ပြီးတော့ အားတဲ့အချိန်ဆိုလည်း စာပို့မယ်၊ဖုန်းလည်းခေါ်မယ်၊video callနဲ့လည်း ကိုယ်တို့တွေ့ကြမယ်လေ နော်"
"မေမေကပြောတယ်၊ဦးခေတ်က တစ်နှစ်ဆိုပြီး ပြီးရင်တော်တော်နဲ့ ပြန်မလာဘူးတဲ့
ဒီတစ်ခေါက်လည်း ပြန်မလာဘဲ နောက်တစ်ခေါက်ထပ်လိုက်သွားရင် ဘယ်လိုလုပ်မလဲ"
"လုပ်စရာလား ချာတိတ်ရယ်၊အရင်ကပြန်မလာဘူးဆိုတာက ကိုယ့်မှာ ဒီနှောင်ကြိုးလေးမှမရှိတာ
အခု ဒါလေးရှိနေပြီပဲ၊ပြန်လာမှာပေါ့
ကဲပါ မျက်ရည်တွေကမကျတော့နဲ့၊ကိုယ်ကပြီးရင် check inဝင်ရတော့မှာ
ချာတိတ်ကငိုနေရင် ကိုယ်ကသွားဖို့ကို စိတ်မဖြောင့်၊စိတ်မကောင်းဖြစ်နေရမှာပေါ့
နော် ချာတိတ်ကလိမ္မာပါတယ်၊မငိုနဲ့နော်
သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေ၊ကွန်ဒိုမှာစုပြီး စာကျက်တာရော၊ကစားတာရော၊ပျော်ပါးတာရော လုပ်ချင်တာလုပ်ကြ ဟုတ်ပလား
ကိုယ်ပြန်လာမှာကို ပျော်ပျော်ရွှင်ရွှင်နဲ့စောင့်နေ နော် ချာတိတ်"
ВЫ ЧИТАЕТЕ
ပင်လယ်ပျော်၏ချစ်ပုံပြင်(Completed)
Любовные романыA love story between the Seaman and teenage boy -ministory-
