"သားငယ်လေး မနက်စာစားကြစို့လေ၊ဆင်းခဲ့တော့
ကျောင်းနောက်ကျနေဦးမယ်"
တံခါးခေါက်သံနဲ့အတူ မေကြီးရဲ့အော်သံထွက်လာသည်အထိ ရှိန်း မှန်ရှေ့ကမခွာနိုင်သေး
ဘာမှအထူးတလည်ပြင်ဆင်တာမဟုတ်ပေမဲ့ ကိုယ့်မျက်နှာမှာ ဘာလိုအပ်နေမလဲလို့ ကြည့်နေမိတာလည်း အကြိမ်ကြိမ်။အရောင်မပါသည့် lip glossကို နောက်တစ်ကြိမ်ထပ်ဆိုးပြီးမှ များသွားပြီဆိုကာ တစ်ရှူးနဲ့ ပြန်ဖျက်ရပြန်သည်။
တကယ်ဆို ရှိန်းမျက်နှာက ဘာမှမလိမ်းရင်တောင် သဘာဝအတိုင်း ကြည့်ကောင်းနေပြီးသားမှန်း ကိုယ်တိုင်လည်းသိသည်။တစ်ခါတစ်ရံ သူငယ်ချင်းမတွေနဲ့ မိန်းကလေးဆန်ဆန်ပြင်ဆင်ပြီး night outထွက်တာမျိုးလည်း ရှိပေမဲ့ အတော်ကို စိတ်ပါလက်ပါရှိမှ လုပ်ဖြစ်တာမျိုးပါ။ပုံမှန်ကတော့ နို့ရည်နဲ့creamတစ်မျိုးမျိုးလိမ်းပြီး ပန်းရောင်သမ်းပြီးသားနှုတ်ခမ်းကို စိုစိုလေးဖြစ်ချင်လို့ အကြည်ရောင်လေးဆိုးတာမျိုးသာရှိသည်။
နေ့တိုင်း ဒီလိုလုပ်နေကျပေမဲ့ ဒီနေ့ နည်းနည်းပိုလှချင်နေ၏။ကာလာစုံနဲ့လှချင်တာမျိုးမဟုတ်ဘဲ သူ့ရဲ့ပင်ကိုယ်ရုပ်ရည်ကိုပဲ ဒီနေ့မှပိုလှစေချင်နေတာမျိုးပင်။
တရားဝင်ချစ်သူဖြစ်ပြီး ပထမဆုံးနေ့မှာ လာကြိုမဲ့ရည်းစားရှေ့မှာ လှချင်တာ ရှိန်းအလွန်တော့မဟုတ်နိုင်ပါလေ။အရင်ရက်တွေကလည်း လာကြိုတာပေမဲ့ ဒီနေ့ကတော့မတူ၊လတ်လတ်ဆတ်ဆတ်ရည်းစားဆိုတဲ့စိတ်က ရှိန်းကို စိတ်လှုပ်ရှားပြီး အတော်တိုင်ပတ်စေတာပဲဖြစ်သည်။
ကိုယ့်ဆီကအဖြေကို မလှိမ့်တပတ်ယူသွားတဲ့လူကြီးက မုန်းချင်စရာကြီးပေမဲ့ ရှိန်း စိတ်မဆိုးနိုင်သလို၊မုန်းလည်းမမုန်းနိုင်ပါ။ဒီတိုင်းပဲ ရှိိိန်းအနားမှာ သူရှိတယ်ဆိုတဲ့ခံစားချက်ကိုက နွေးထွေးလုံခြုံသည်ဟု ခံစားရတာမို့၊သူနဲ့ချစ်သူဘဝရောက်ရတာကို ရှိန်းပျော်ပါသည်။
လည်ပင်းကနက်ခ်တိုင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ပြီးနော် ကျောပိုးအိတ်ကိုလွယ်ကာ ရှိန်း အောက်ကိုဆင်းလာခဲ့လိုက်သည်။
အစ်မတွေက အိမ်ထောင်ကျကုန်ပြီး သီးသန့်စီခွဲနေကြတာမို့ ဒီအိမ်ကြီးမှာက ဖေကြီးနဲ့မေကြီးရယ်၊ကိုယ်ရယ်သာရှိသည်။
ဖေကြီးက အလုပ်ကိစ္စခရီးထွက်သွားတာမို့ ဒီနေ့အဖို့ မနက်စာစားပွဲဝိုင်းက သူရယ်၊မေကြီးရယ်သာဖြစ်လိမ့်မည်။
ВЫ ЧИТАЕТЕ
ပင်လယ်ပျော်၏ချစ်ပုံပြင်(Completed)
Любовные романыA love story between the Seaman and teenage boy -ministory-
