Part5

2.6K 261 9
                                    

သူငယ်ချင်း​တွေနဲ့အတူ ရယ်​မောရင်း ​ထွက်လာသည့်​ကောင်​လေးက သူ့ကားကိုမြင်တာနဲ့ လက်​ဝှေ့ယမ်းပြရင်း သူငယ်ချင်း​တွေကိုလည်း နှုတ်ဆက်​နေတာ​တွေ့ရသည်။
ချာတိတ်က ဘာ​ပြောလိုက်လို့လည်းမသိ၊ဟို၃​ယောက်က ​ခြေ​ထောက်​တွေနဲ့ လိုက်ကန်ပြီး ချာတိတ်က​တော့ လျှာထုတ်​ပြောင်ပြရင်း ကိုယ့်ကားဆီကို အ​ပြေး​လာ​နေ​​တော့တာပင်။

မနက်က ရုတ်တရက်မျက်နှာညှိုးကျသွားတဲ့ ချာတိတ်​ကြောင့် သူစိတ်ပူ​​နေခဲ့တာ၊အခု အရင်လိုတက်တက်ကြွကြွပြန်မြင်လိုက်ရတာမို့ ​တော်​သေးသည်။

"ဦး​ခေတ် ​ရောက်​နေတာကြာပြီလား"

တစ်ခါမှမကြားဖူးခဲ့တဲ့ အသုံးအနှုန်းမို့ မင်း​ခေတ်အံ့အားတသင့်နဲ့ကြည့်​နေမိ​တာ ပြန်​ဖြေဖို့ပင် ​အ​မေ့​မေ့အ​လျော့​လျော့။
Seatbeltပတ်​နေတဲ့ချာတိတ်က လူကိုကြည့်လာရင်း  မျက်နှာ​ရှေ့ကို လက်ဖဝါးလှုပ်ရမ်းပြမှ သူသတိပြန်ကပ်မိ​တော့သည်။

"ချာတိတ်က ကိုယ့်ကိုဦး​ခေတ်လို့​ ​ခေါ်လိုက်တာ​ပေါ့​လေ ဟုတ်လား"

ပြုံးချို​စွာ​​မေးလာသူက ကိုယ်​ခေါ်လိုက်တာကို ဘယ်​လောက်​တောင်သ​ဘောကျသွားလဲဆိုတာ အထူးတလည်ပင် ​တွေးစရာမလိုလိုက်။
​ဦး​လေးလို့ရွဲ့​ခေါ်ရင်း နှုတ်ကျိုးသွား​​ပေမဲ့ ကိုယ့်ရည်းစားကို​တော့ ချွဲချွဲနွဲ့နွဲ့​လေး​ခေါ်ဖို့ သူ့မှာစိတ်ကူးရှိပါ​သေးသည်။
ဒီစိတ်ကူးကို လက်​တွေ့အသုံးချလိုက်တာ ခု​တော့မှန်သွားပြီထင်ပါရဲ့။ဦး​လေးကြီးတစ်​​ယောက် ပြုံးဖြီး​နေတာ ပါးစပ်ပင်မပိတ်နိုင်​တော့။

"ကိုယ့်ရည်းစားကို ​ခေါ်ချင်လို့​ခေါ်တာ၊မ​ခေါ်ရဘူးလား ​ပြော"

"အဟား ​ခေါ်လို့ရတာ​ပေါ့ကွာ၊ရတာ​ပေါ့
သ​ဘောကျလွန်းလို့ ဟိုဘက်​တောင်လွန်​နေပြီ၊ပြန်​ခေါ်ပါဦး ချာတိတ်ရဲ့ ကြားချင်​သေးလို့"

"ဦး​ခေတ်"

"ခင်ဗျာ"

ရွှန်းရွန်းစားစားကြည်ရင်း ပြန်ထူးလာသူ​ကြောင့် ရှိန်းတစ်​ယောက် မျက်နှာ​တွေထူအမ်းလာသည်အထိ သ​ဘောကျရင်ခုန်သွားရသည်။
ဒီလူကြီးကို ဘာ​ကြောင့်များ ​နောက်ကျမှ​တွေ့ခဲ့ရတာလဲမသိ​တော့။

ပင်လယ်​ပျော်၏ချစ်ပုံပြင်(Completed)Where stories live. Discover now